ခန်းမကျယ်ကြီးထဲ ပြာပန်းခတ်သွားလာနေတဲ့လူတွေ။ သူရဲ့ဘေးပတ်ပတ်လည်မှာလည်း ပန်းနုရောင်နှင်းဆီတွေအပြည့်ခြံရံထားတဲ့ အပြင်အဆင်တွေ ။
အဖြူရောင်လျှောက်လမ်းထက်က နီညှိရောင်ကတ္တီပါကောဇောပေါ်မှာ ပန်းနုရောင်ဖျော့ဖျော့ဖိနပ်လေးကို ၀တ်ဆင်ထားရင်းလျှောက်လှမ်းလာခဲ့တယ်။ ပန်းဖျော့ရောင် ဂါ၀န်ကြီးကို လက်တစ်ဖက်ကပင့်ကိုင်ထားပြီး ကျန်လက်တစ်ဖက် သူရဲ့ချစ်ရပါသော ............ ရဲ့ လက်မောင်းတစ်ဖက်ကို ဖတ်တွယ်ကာ ရှေ့တည့်တည့်မှာ မြင်နေရတဲ့ သင်းအုပ်ဆရာကြီးဆီကို အပြုံးကိုယ်စီနဲ့လျှောက်လှမ်းနေခဲ့တယ်။ သူရဲ့ ....... ကလည်း တောက်ပစွာ ပြုံးရွှင်လို့ ။ သူတကယ်ပျော်ရွှင်နေခဲ့တယ် ဘ၀မှာ တစ်ကြိမ်တစ်ခါမှ မပျော်ရွင်ဖူးတဲ့ ပီတိမျိုးနဲ့ပေါ့ ။
အဲ့အချိန် သူရဲ့ ...... က နား နားကိုတိုးတိုးလေး ကပ်ကာ ပြောပါတယ် ။ သူနားဖျားကို ...... ရဲ့ လေငွေ့နွေးနွေးလေး ဖြတ်တိုက်သွားတာဟာ သူရင်ထဲ တစ်ဒိန်းဒိန်းဆောင့်ခုန်ပြီး လေဟာနယ်ထဲရောက်သလိုပါပဲ ။ သူရင်ခုန်နေစဉ် ...... ပြောလိုက်တဲ့ စကားလေးတစ်ခွန်းက ..........
" ရောင်းရောင်း ထတော့လေ ကျောင်းနောက်ကျတော့မယ် "
"ဟမ်"
"ကဲ ရောင်းလေးရေ ထတော့ ခနနေဆို ကျောင်းကားလာတော့မယ်လေ ပြင်စရာရှိတာပြင်တော့ "
"အား ကိုကိုရာ ဒီမှာအိမ်မက်ကောင်းနေတဲ့ဟာ ကိုကိုလုပ်တာနဲ့ အိမ်မက်လေးတော့သွားပါပြီ။ ပြန်လာခဲ့ ပြန်လာခဲ့ အိမ်မက်လေးတွေ"
အိပ်ရာကနိုးနိုးချင်း ပုစီပွစီစပြောနေတဲ့ ရောင်းလေး ကိုကြည့်ပြီး ရှောင်းကျန့် ခေါင်းသာရမ်းနိုင်တော့တယ် တကယ်အရူးမလေး။
"ကဲ နိုးရင်ထပြီးပြင်ဆင်တော့ ဒီနေ့ကျောင်းကားနဲ့ပဲ သွားတော့နော် ကိုကိုလိုက်မပို့တော့ဘူး ဒီနေ့ ရုံးကိုစောစောသွားရမှာ "
"ကိုကို လိုက်မပို့ဘူးပေါ့ "
လိုက်မပို့ဘူးလို့လည်း ပြောလိုက်ရောစူထောထွက်လာတဲ့ နှုတ်ခမ်းဆူလုံးလုံးလေးကို ရှောင်းကျန့်က လက်လေးနဲ့ ဖွဖွဆွဲကိုင်ထားလိုက်တယ်။

YOU ARE READING
ရောင်းရောင်းရဲ့ ချစ်ရပါသော ........
FanficPresent fiction!!!! Just for my friend!!!! Start date....5.5.22 end date......5.5.22 Photo cover by Yaung yin present fiction လေးဖြစ်တာကြောင့် ကိုယ်ပေးမယ့်သူ စိတ်ကျေနပ်စေဖို့ပဲ ရည်ရွယ်ပါသည်။ ဒါကြောင့် အရေးအသားမကောင်းတာ ဇာတ်အိမ်မကြိုက်တာ စတဲ့အကြံပြု...