သာယာတဲ့ Sydney မြို့ရဲ့မနက်ခင်း ကိုယ်စီအလုပ်ရှုပ်နေတဲ့ လမ်းမထက်ကလူတွေကြားမှာ ဖြာကျနေတဲ့ နေခြည်နုနုလေး
ဒီလိုမင်္ဂလာရှိတဲ့ အချိန်မှာ မသာယာနိုင်တာက Y/N ပါ။
ဘယ့်နှယ် မွေးကတည်းကနေလာတဲ့ ဒီနေရာကနေ ချက်ချင်းကြီး ကိုရီးယားကိုပြောင်းဖို့ပြင် ဆိုတော့က မဟုတ်သေးဘူးလေ။ မနေ့တနေ့ကမှပြောပြီး ဒီနေ့ကျ သွားရတော့မယ်။ အထုတ်တွေပြင်ရင်း သက်ပြင်းသာ ခဏခဏချမိတော့တယ် ..... ဟူးးးး
သူငယ်ချင်းတွေနဲ့လည်းမခွဲချင်ပါဘူးဆိုနေ" သမီး ဟိုရောက်ရင် ကိုကြီးလာကြိုလိမ့်မယ် ဟုတ်ပြီလား "
" ပြီးရော ... "
၁၆ နှစ်ဆိုတာ ငယ်သေးတယ်ဆိုပေမဲ့ Y/N တို့ မောင်နှမကတော့ အလုပ်များတဲ့ မိဘတွေနဲ့ ကြီးပြင်းခဲ့လို့လားမသိဘူး ကိုယ့်အားကိုယ်ကိုးပြီး ကြံ့ခိုင်တဲ့ကလေးတွေအဖြစ်ကြီးပြင်းလာခဲ့ကြတာလေ ..
လေယာဥ်အကြာကြီး စီးပြီးနောက်မှာတော့
ရောက်ပါပြီ ကိုရီးယား ....
ငယ်ငယ်ကလည်းရောက်ဖူးပေမဲ့ အခုတော့အကုန်လုံးပြောင်းလဲကုန်ပြီ။" Yahh.. Choi Y/N !!! ကိုကြီး ဒီမှာ !! "
အသံကြားတဲ့နေရာကို ကြည့်လိုက်တော့ သူ့ကို ကိုရီးယားကိုပြောင်းရအောင် လုပ်တဲ့ အဓိက တရားခံ " Choi Yeonjun "
လေးပင်နေတဲ့ခြေလှမ်းတွေက ချစ်လှစွာသော အကိုကြီးဆီကို
" Aiigoo ငါ့ညီမလေး ပင်ပန်းသွားပြီလား ? ရော့... ဒီမှာ ငါ့ညီမလေးကြိုက်တဲ့ banana milk ... ကျန်းး "
" ကိုကြီး ညီမလေးက chocolate milk ပဲ သောက်တာ .. အဲ့နို့ငှက်ပျောကို ကိုယ့်ဟာကို သောက်... နော် !!.. ပဲများမနေပဲ အထုတ်လာသယ်ပေးအုံး "
Choi Y/Nလုံး၀မထင်ထားဘူး။ သူမမွေးခင် ငါးနှစ်စောပြီး ဒီလိုအကိုရှိနေမှန်းသာသိရင် ထွက်မလာပဲ အမေ့ဗိုက်ထဲမှာပဲ တွယ်ကပ်ပြီး ကပ်ပါးပိုးအဖြစ်နဲ့ပဲ နေရင်နေမိမှာ...
ကိုကြီးပုံစံက ကိုရီးယားရောက်တော့လုံး၀ပြောင်း k pop idol လိုလို ဘာလိုလိုနဲ့ အံမယ် သူက အကတွေဘာတွေတောင် သင်နေတယ်ဆိုပဲ audition ပြိုင်ဖို့တဲ့ ချချအားပေးတယ် bro ရေ အဓိကက အာရုံနောက်သက်သာဖို့ပဲ
YOU ARE READING
" Polaroid Love "
Fanfiction" အထက်တန်းကျောင်းသားအရွယ်မှာပဲ ရှိနိုင်တဲ့ ရိုးရှင်းတဲ့အချစ် .... အချစ်ဦးကို အရောင်မပါတဲ့မြတ်နိုးမှုတွေနဲပဲ ပုံဖော်ချင်တယ် ... " Enha fiction လေးဖြစ်ပါတယ်။ ENGENE လေးတွေအတွက် စိတ်ကူးယဥ်လို့ကောင်းမဲ့ fic လေးတစ်ပုဒ်အဖြစ် အသက်သွင်းကြည့်ချင်လို့ လို...