Part 30

37.6K 1.7K 20
                                    

Unicode

အိပ်ယာနိုးတာနဲ့ အသားချင်းပူးကပ်စွာရင်ခွင်ထဲရောက်နေသူကြောင့် ခြံရံ့ရင်ခုန်သံတွေက ပိုပိုတိုးလာ၏။ ဒီလိုမနက်ခင်းမျိုးက သူလိုချင်တဲ့မနက်ခင်းမျိုးဖြစ်ပြီး အခုတော့လက်ဝယ်ပိုင်ဆိုင်နေရပြီ။ ကိုယ့်လက်ပေါ်ခေါင်းအုန်းပြီး ကိုယ့်ရင်ဘတ်ကိုမျက်နှာအပ်ကာ အိပ်နေတဲ့သူ့ရဲ့အမျိုးသားလေး။ အခုတော့ ပျောက်သွားမှာဆိုးတဲ့အလားကျစ်နေအောင်ဖက်ထားသည်။ ခေါင်းလေးကိုနစ်ဝင်အောင်နမ်းလိုက်ပြီး တိုးကာဖက်လိုက်တာကြောင့် ရင်ခွင်ထဲမှသူ့အချစ်လေးက လှုပ်လာ၏။ လှုပ်လာတာနဲ့အမျှကိုယ့်ဂွကြားထဲရောက်နေတဲ့သူ့ခြေထောက်တစ်ချောင်းက ကိုယ့်အကောင်ကိုဖိဆွဲကာခါးပေါ်ရောက်လာ၏။ မျက်နှာအပ်ထားတဲ့ သူ့ရင်ဘတ်ကိုနှာခေါင်းနဲ့ ၃/၄ ချက်လောက်ပွတ်ကာကိုယ်ကိုတိုးဖက်လာ၏။

"အင့်! အေးတယ်"

အိမ်ချင်မူးထူးနဲ့မပီကလာပီကလာအသံနဲ့ထွက်လာတော့မှ ခြံရံသေချာကြည့်မိတယ်။ သူတို့ကိုယ်ပေါ်မှာစောင်မှမရှိပဲ။ ‌ကုတင်အောင်ကျနေတဲ့စောင်ကို ခြေထောက်တစ်ဖက်ချကာ ဆွဲယူပြီး တစ်ညလုံးခြုံမအိပ်တဲ့စောင်ကို အခုမှဖြန့်ခြုံပေးရတော့သည်။ ခြုံထားတဲ့စောင်အောက်မှာ ပုံဏရိပ်ကို လက်နှစ်ဖက်ရင်ခွင်ထဲထည့်ကာ ကျစ်နေအောင်ဖက်ရင်း ပြန်လည်အိပ်စက်ချင်းဆီသို့။

>>>>>>>>>>>>>>>>>

"အာ့!"

တည်ကြည်နိုးကာ ထထိုင်မယ်လုပ်တော့သူ့အောက်ပိုင်းက ကြိမ်းစပ်နေ၏။ မျက်မှောင်ကျုတ်ကာ ခေါင်းကိုခါလိုက်ရင်း မျက်လုံးတွေဖွင့်ကြည့်တော့ သူ့ဘေးမှာ မှောက်ရက်အိပ်နေတဲ့ လူတစ်ယောက်။ သူ့မျက်လုံးတွေပြာဝေသွားပြီး ဘာတွေဖြစ်တာလဲ ပြန်စဉ်းစားနေရ၏။ ညက ဟိုနှစ်တွဲက ကွင်းထဲကနေ ဘယ်အချိန်တွေလစ်ထွက်သွားမှန်းမသိလစ်ထွက်သွားတာ။ သတိရလို့ကြည့်လိုက်တော့ Lucas ဆိုတဲ့ကောင်လေးနဲ့သူပဲကျန်ခဲ့တာဖြစ်သည်။ ရီဝေတေနဲ့မူးကာ သူတို့နှစ်ယောက်ထဲရှိချိန် ကားမောင်းလို့မဖြစ်တော့တာကြောင့် သူတို့အနီးနားက ဟိုတယ်မှာဝင်အိပ်လိုက်တာဖြစ်၏။ ဒါပေမယ့် အခန်းထဲမှာဘာတွေဖြစ်ပျက်သွားတာလဲ။ အခန်းထဲခြေချရုံရှိသေးတယ် သူ့စိတ်တွေဖောက်ပြီး Lucas ဆိုတဲ့ကောင်လေးကို ဆွဲနမ်းလိုက်တာသူသိသည်။ ထို့နောက် သူသဘောပေါက်သွားကာ !နေပါအုန်း ငါကအခု ငါ့ထက်ငယ်တဲ့ ဒီကောင်လေးဆီမှာ bottom ထိုင်ပေးလိုက်ရတာလား! သူစွံ့အနေ၏။ ဘေးနားကကောင်လေးကတော့အိပ်ကောင်းဆဲ သူ့မှာသာဖင်မထိုင်နိုင်ဖြစ်ကာ နေရတာမအီမသာ။

Lockdown Again (Complete) Uni & Zawgyi❗⚠️Where stories live. Discover now