(1.9)'ကျောင်းဟောင်းကြီး'

1.4K 180 10
                                    

Unicode

ဇာတ်ကောင်များ

[1] ကျိုးဟောင် - host(MC)

[2] သွမ့်ကျိုးယွီ - (ML)

[3] ယောင်ချင်းလုံ - (ဇာတ်လိုက်)

[4] စုချင်း - (ဇာတ်လိုက်မ)

[5] လင်းယွင် - (ကျိုးဟောင်စရောက်
ရောက်ချင်းအနိုင်ကျင့်သည့်
ကျောင်းသားတွေရဲ့ခေါင်းဆောင်)

[6] ယွင်လန်လန် - (ကျောင်းနတ်သမီးလေး)

[7] ကျင်းရုံ - (ကျောင်းသူ)

[8] စန်းဖျောင် - (ကျောင်းအုပ်)

[9] နဉ်ချီ - (ဒုကျောင်းအုပ်)

[10] ရွှယ်ဖင်း - (ကျောင်းဆရာမ)

[11] မာထင်း - (ကျောင်းသား)

[12] ရွှယ်လု - (ကျောင်းသား)

[13] မူချင်း - (MCတို့အဖွဲ့အား
ကျောင်းသားဆောင်တွေဆီလိုက်
ပို့ပေးခဲ့သည့်စီနီယာကျောင်းသား)

********************
**********

"ဘာကြောင်ကြည့်နေတာလဲ....ဝင်ကြမယ်...."

ကျိုးဟောင်က ကြောင်တောင်တောင် ရပ်ကြည့်နေကြသည့် လူသုံးယောက်ကို တစ်ချက်စောင်းငဲ့ကြည့်ကာ တံခါးကိုတွန်းဖွင့်လိုက်သည်။ စတိုခန်းထဲတွင် ပင့်ကူမျှင်တွေ၊ ဖုန်တွေကပ်ငြိနေပြီး သန့်ရှင်းသပ်ရပ်နေသည့် ကျောင်းကြီးနှင့် လိုက်ဖက်မှုမရှိချေ။

လင်းယွင်၊ ယောင်ချင်းလုံနဲ့ ဒုကျောင်းအုပ်နဉ်ချီမှာ များပြားလှသော ဖုန်မှုန့်များကြောင့်ချောင်းတစ်ဟွတ်ဟွတ်ဆိုးလိုက်မိကြ၏။

ကျိုးဟောင်ဆီဦးတည်လာတဲ့ ဖုန်လှိုင်းကြီးကတော့ အနားရောက်ခါနီးမှာတင် မမြင်ရသည့်တစ်စုံတစ်ခုကြောင့် ကွဲထွက်သွားခဲ့သည်။

ကျိုးဟောင်ကမူ အရာအားလုံးကို ဂရုစိုက်ခြင်းကင်းမဲ့စွာပင် စတိုခန်းအတွင်းသို့ လျှောက်ဝင်သွား၏။ ထို့နောက်တစ်ယောက် တစ်နေရာစီခွဲ၍ ကျောင်းသားတွေရဲ့ ကိုယ်ရေးရာဇဝင် အချက်အလက်တွေထဲမှ အသုံးဝင်မည့်အချက်အလက်တစ်ခုခု ရနိုင်ရန်အလို့ငှာ ကြိုးစားရှာဖွေလိုက်သည်။

horror systemWhere stories live. Discover now