ညို့နိုင်လွန်းတဲ့ သူ Part (9) U/Z

2.5K 52 1
                                    

🦋ညို့နိုင်လွန်းတဲ့ သူ🦋

အပိုင်း (9)
🦋🍂🦋🍂🦋🍂🦋🍂🦋🍂🦋🍂🦋🍂

"မဟာ ကိုယ့်ကို အမြန်ဆုံး အဖြေပေးသင့်ပြီ
ထင်တယ် "

" ဘာဖြစ်လို့လဲ ပိုင် "

" ဘာဖြစ်ရမှာလဲ မဟာ။ မအေက ပိုက်ဆံရှိ
တယ်ဆိုတာ နဲ့ ဂုဏ်မောက်ပြီး၊ သူ့ သားနဲ့မ
တူမတန်သလို ပြောဆိုလိုက်၊သားကလည်း
မဟာကို မတွေ့နဲ့၊ တွေ့တာနဲ့... တောက်...."

မဟာ့ကို ပြောနေရင်း မှ ဒေါသကထွက်လာ
သည်မို့ ပိုင် တောက်ပြင်းပြင်းခေါက်ကာ၊စ
ကားကို ပြန်ဆက်သည်။

" ဆက်ပြောရင် ကိုယ် တိုင်းသက္ကရာဇ်ဆိုတဲ့
ဥက္ကဌကို သွားသတ်မိတော့မယ်။ မဟာကို
နိုင်လိုမင်းထက်ပြုမူနေတာကို ကိုယ် ဒီတိုင်း
ဆက်ကြည့်မနေနိုင်တော့ဘူး။မဟာကို ကိုယ်
တရားဝင် ပိုင်ဆိုင်ထားတဲ့ မိန်းကလေးအနေ
နဲ့ စောင့်ရှောက်ပေးချင်တယ်။အဲ့ဒါကြောင့်
ကိုယ့်ကို အမြန်ဖြေပေးပါ မဟာ။ အချိန်တွေ
ထပ်မဆွဲပါနဲ့တော့... "

" မဟာ ပိုင့်ကို ပြောပြီးပြီလေ။အချိန်ပေးပါ
လို့... သေချာမစဥ်းစားရသေးတဲ့ အရာကို
မဟာ မပြောချင်ဘူး "

" ကိုယ့်ကို အဖြေပေးဖို့ ငြင်းငြင်းနေတာ
ဥက္ကဌကြောင့်တော့... မဟုတ်ဘူးမလား မဟာ "

" ပိုင် အခု ဘယ်လိုစကားကို ပြောလိုက်တာ
လဲ။ မဟာ့ကို မျက်နှာများတဲ့ မိန်းကလေးလို့
ထင်နေတာလား "

"မဟုတ်ဘူး မဟာ။ ကိုယ် ပြောချင်တာက
ဥက္ကဌက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်သလို...မိန်းကလေးတိုင်းက လိုချင်တတ်မက်နေကျသူဆိုတော့... မဟာများ ဥက္ကဌကို စိတ်ယိုင်နေမိလို့.. ကိုယ့်ကို အဖြေပေးဖို့ ခက်
နေတာလားလို့ပါ "

" မဟာ ပိုင့်ကို ပြောမယ်။ကျောင်းနေစဥ် အ ခါထဲက ယောကျ်ားလေး သူငယ်ချင်းဆိုလို့ မဟာ့မှာ ပိုင် တစ်ယောက်ပဲ ရှိတာ။ပိုင် အသိဆုံးပဲ။ မဟာ့အနားကို ကပ်ခွင့်ရတာကလဲ ပိုင် တစ်ယောက်ထဲပဲရှိတယ်။တက္ကသိုလ်တက်နေစဥ်ထဲက အခုချိန်ထိ မဟာ့အနားကို ကပ်ခွင့်ရတဲ့ ပိုင်က မဟာ့ စိတ်က ဘယ်သူဆီကို ယိုင်နေလဲဆိုတာ တခြားသူတွေထပ်ပိုသိမှာပါ။ပိုင့်ကို မဟာ အဖြေမပေးတာက
အခုအချိန်ထိ မဟာ ပိုင့်ကိုသူငယ်ချင်းထက် ပိုချစ်လို့မရသေးလို့ပဲ။ပြီးတော့... အခြေအ
နေခြင်း ကွာဟလွန်းတဲ့ မိသားစုနှစ်ခုက ပေါ
င်းစီးဖို့ လွယ်မှာမဟုတ်ဘူး ပိုင်။အဲ့ဒါကြောင့်
ပိုင့်ကို အဖြေပေးဖို့ကို နှလုံးသားနဲ့ရော ဦးနှောက်နဲ့ပါ စဥ်းစားဆုံးဖြတ်နေရတယ်။ပြေး
ကြည့်မှ ဒီအမေနဲ့ ဒီသမီးပဲ ရှိတဲ့ ဘဝမှာ၊မဟာ ရွေးချယ်လိုက်တဲ့ အချစ်ရေးရဲ့အဆင် မပြေမှုတွေကြောင့် မေမေ့ကို စိတ်ညစ်စရာ
တွေမပေးချင်ဘူး။ အဲ့ဒါကြောင့် မဟာ ပိုင့်ကို အဖြေမပေးသေးတာပဲ "

ညို့နိုင်လွန်းတဲ့ သူWhere stories live. Discover now