ရောင်စုံတိမ်တေကို ငါငေးကြည့်နေချိန် ကြင်နာသူမင်းလေး ကိုယ့် အနားမရှိခဲ့ပါ 🎶
အိပ်မက်ဆိုးများနဲ့ ကိုယ့်ဘဝကို ညီလေး မင်းနားလည်ပါ ရင်တွေ ခုန်နေတယ် ညီလေး သိရဲ့လား အိမ်ပြန်ချိန်မင်းအကြည့်နဲ့ ဆုံမိတဲ့အခိုက်မှာ 🎶
ဖွင့်မပြောရဲတဲ့ ကိုယ့်အဖြစ်ဟာ ညီလေး အတွက်ပါကွာ
ရင်မှာ ရှိတဲ့ ဆန္ဒတေကို ကိုယ့်ရင်ထဲမှာ ခဏသိမ်းထားခဲ့တာ ညီလေး မုန်းသွားမှာ ဆိုးလို့ပါ ဖွင့်မပြောခဲ့တာပါ 🎶
ရင်မှာ ရှိတဲ့ဆန္ဒတေကို ကိုယ့်ရင်ထဲမှာ ခဏသိမ်းထားခဲ့တာ ညီလေးမုန်းသွားမှာဆိုးလို့ပါ ဖွင့်မပြောခဲ့တာပါ နားလည်ပါ 🎶
ညတိုင်းလိုလို ဂစ်တာတီးလျှက် သီချင်းလာဆိုနေကြဖြစ်တဲ့ ကျောင်းက စီနီယာ ကိုကြီးများ အဖွဲ့ .
ပိုင်အိမ်ခ တို့ အဆောင်ရှေ့မှာ ညည ဆိုရင် ဂီတာတီးသီချင်းလာဆိုကြတဲ့ ထိုအကိုကြီးတေဟာဆိုရင် ဒီအဆောင်ထဲက ဘယ်ကောင်လေးကို လာပိုးနေလည်းမသိသော်လည်း ညဘက်ရောက်လို့ ဒီလိုအချိန်တေဆို ပိုင်အိမ်ခ ထိုအကိုကြီးတေကို မျှော်နေတတ်ပီ အဟင်း နည်းနည်းကြောင်တောင်တောင်နိုင်သလို ကောင်မလေးတေ အဆောင်ရှေ့မှာ သီချင်းဆိုနေရမဲ့သူတေက
ဘာဖြစ်လို့များ ဒီလိုယောကျာ်းလေးတေဘဲ ရှိတဲ့ အဆောင်ရှေ့ ဂစ်တာလာလာတီးနေရတာလည်း ပီးတော့ တစ်နေ့တည်းလည်းမဟုတ် တစ်ပတ်ကို သုံးကြိမ်လောက် အချိန်မှန်လာတတ်ကြသည်ပြီးတော့ ဆိုနေတဲ့ သီချင်းက ညီမလေးမုန်းသွားမှာစိုးလို့ပါ သီချင်းကို ညီမလေး နေရာမှာ ညီလေးတဲ့လေ..အူကြောင်ကြောင်နိုင်ချက် ...
'ဟျောင့် အိမ်ခ မင်းပြောတော့ အူကြောင်ကြောင်တေ ဆိုပီတော့
ဒီမှတစ်ယောက်တည်း ဟိုဘဲတေ သီချင်းဆိုတာ ခိုးနားထောင်နေတယ်ပေါ့ 'အာ ပိုင်အိမ်ခအဖြစ်က သူခိုးလူမိသလို သူ့သူငယ်ချင်း အရှေ့မှာ ဂစ်တာတီးတဲ့ ကိုကြီးတေကို အူကြောင်ကြောင်တေလို့ ပြောထာပီးမှ သူတို့လာမယ့် အချိန်ကို မျှော်ပီး လာလာခိုးနားထောင်နေကျ ဒီနေ့ကျမှ ဘယ်လို ရှာတွေ့သွားလည်းမသိ ဒုက္ခပါဘဲ