The Last Rope

2 1 0
                                    

သူငယ်ချင်းလေးတစ်ယောက်လိုနေဖို့လွယ်လွယ်လေးနဲ့ခက်ခဲလို့ ...

ကိုယ်တိုင်ဖုန်းလေးချပြီးဖွင့်ထားဖြစ်တဲ့သီချင်းရယ်ပါ။
အထပ်မြင့်အဆောက်အဦးတွေအစီအရီထိုးထွက်နေတဲ့ရန်ကုန်မြို့ရဲ့ အလှအပကိုအပေါ်စီးကနေလှမ်းကြည့်လို့ရတဲ့နေရာ။ ဘားတစ်ခုရဲ့ခေါင်မိုးထပ်။ အငွေ့တထောင်းထောင်းထနေတဲ့ စီးကရက်ကိုလက်တစ်ဖက်က ကိုင်ရင်း
ထိုင်နေတာမို့ခြေထောက်နှစ်ဖက်လုံးက လေဟာပြင်မှာ လွင့်လို့ရယ် ။
တစ်စုံတစ်ခုကိုဆုံးဖြတ်ချက်ချဖို့ ...

သူငယ်ချင်းနဲ့သူငယ်ချင်းလိုနေဖို့ကတကယ်တော့မခက်ခဲပါဘူး ။
ကျွန်တော်က သူငယ်ချင်းမလေးကိုတစ်ဖက်သတ်ကြိုက်နေရတဲ့သူပေါ့ ။
သူမကရိုးသားလွန်းပြီး ကောင်းလွန်းလို့စိတ်နဲ့ပစ်မှားမိဖို့တောင်မဝံ့မရဲ ဖြစ်ရတယ်။
ဥပမာ သူမသာကျွန်တော့ကောင်မလေးဖြစ်ခဲ့ရင် ပါးဖောင်းဖောင်းလေးတွေကိုဆွဲနမ်းပစ်မယ်ဆိုတာမျိုးပေါ့
ယောက်ျားလေးနဲ့မိန်းကလေးဆက်ဆံရေးမှာသူငယ်ချင်းဆိုတာမရှိဘူး ဆိုတဲ့စကားကိုတွန်းလှန်ဖို့ကျွန်တော်ရောသူမလေးရောစိတ်အားထက်သန်ကြတယ် ။
သူငယ်ချင်းတစ်ယောက်အနေနဲ့တကယ့်ကိုပြီးပြည့်စုံတဲ့ဖြစ်တည်မှုနဲ့တည်ရှိနေတာ အကူအညီလဲသိပ်ပေးတတ်သေးရဲ့ ။

ကျွန်တော်က ပုံမှန်ပါပဲ ....
တခြားသောသူငယ်ချင်းမလေးကိုကြိတ်ကြိုက်နေတဲ့ကောင်တွေလိုအရည်ရွှန်းလဲ့နေတဲ့မျက်လုံးကြီးနဲ့စိုက်မကြည့်ဖြစ်ဘူး။အရာရာထောင့်စေ့အောင် သူ့လိုအပ်ချက်မှန်သမျှအပြေးအလွှားလိုက်ဖြည့်ဆည်းပြီးသူ့အတွက်ဆိုအမြဲတမ်းအဆင်သင့်ရှိနေတာမျိုးမဟုတ်ဘူး ။

ကျွန်တော့မှာလဲ ချစ်သူကောင်မလေးတွေရှိဖူးရဲ့ ...
ဒီလိုဆိုတော့ကျွန်တော်က လူမှုရေးစာရိတ္တမကောင်းသူတစ်ယောက်လို့သမုတ်ကြလိမ့်မယ်။ လိုတာမရ ရတာမလိုတာလို့အပြစ်တင်ကြလိမ့်မယ်။ တကယ်တော့..သူမက ကျွန်တော်မြတ်နိုးရတဲ့လူသားလေးပါပဲ
။ကောင်မလေးတချို့ကိုချစ်မိတယ်။သဘောကျတယ် ။ဒါပေမဲ့ သူမကိုတော့နှစ်နှစ်ကာကာကိုမြတ်နိုးမိတာမျိုး ။ ယှဥ်လို့လဲမရသလို အမှတ်ချင်းပြိုင်လို့လဲမရဘူးရယ်... တစ်ကန့်စီပေါ့ ။

You've reached the end of published parts.

⏰ Last updated: Mar 09, 2022 ⏰

Add this story to your Library to get notified about new parts!

The Last RopeWhere stories live. Discover now