you're my celebrity

1.5K 115 10
                                    

Attention!

- this fiction isn't my own creation.
- this is just the translated version of "you're my celebrity" au written by author @/minmangomin.
- you can find the original au on ao3.
- check out the original au link in description.

တနင်္လာနေ့မနက်ခင်း၏အစ၌ PRဌာနမှလူတွေနှင့်အစည်းအဝေးထိုင်နေရခြင်းသည် ရက်သတ္တပတ်တစ်ခုကိုစတင်ဖို့ရန်အတွက် ဂျုံဆောင်းသဘောကျသည့်နည်းလမ်းမျိုးမဟုတ်ခဲ့။ သို့ပေမဲ့လည်း ဂျုံဆောင်းဒီအစည်းအဝေးတွင်ရှိနေရသည်။ ဂျုံဆောင်း၏ရှေ့တွင် PRဌာန၏ဒါရိုက်တာမင်ဟီးနဲ့ သူ၏လက်ထောက်ဆောင်းမင်၊ ဂျုံဆောင်း၏ဘေးတွင်တော့ ငြိမ်ငြိမ်လေးထိုင်နေပါသည့် ကိုယ်စားလှယ်ဂျောင်ဝန်း။ ဒီအစည်းအဝေးနှင့်ပတ်သက်ပြီး ဂျုံဆောင်းစိတ်ထဲတွင် ခံစားချက်တို့သိပ်မကောင်း။

၂နှစ်နီးပါးလောက် အတူအလုပ်လုပ်ခဲ့ပြီးတဲ့နောက်မှာ ဂျုံဆောင်းသဘောပေါက်လာရသည်တစ်ခုက မင်ဟီးဟာ အတော်လေးပျော်တတ်သည့်လူစားမျိုးဖြစ်သည်။ နှစ်တိုင်း ကုမ္ပဏီမှကျင်းပပေးသည့် ခရစ်စမတ်ပါတီများတွင် အတော်လေးမူရူးပြီး လူမှန်းမသိဖြစ်နေတတ်သည်မျိုး၊ ဒါမှမဟုတ် မနက်ခင်းအစောကြီး ကုမ္ပဏီကားပါကင်တွင် ဝန်းဂျင်ခလုတ်တိုက်မိသည့်အခါမျိုး၌ အားရပါးရရယ်တတ်သည်မျိုးကို ဂျုံဆောင်းအကြိမ်ကြိမ်မြင်ဖူးခဲ့သည်။

သို့ပါသော်လည်း အလုပ်နှင့် ပတ်သက်လာလျှင်တော့ မင်ဟီးဟာအမြဲအလေးအနက်ရှိသည်။ ထို့အတူ ဒီနေ့မှာလည်း ကွဲပြားခြင်းမရှိ လေးလေးနက်နက်နှင့်ပင်။ ဂျုံဆောင်းစိတ်ထင် ခါတိုင်းထက်ပင် ပို၍အလေးအနက်ဖြစ်နေသလိုပါ ခံစားရသည်။

"တော်သေးပါရဲ့ အစည်းအဝေးက သိပ်မကြာလောက်ဘူး"

စားပွဲပေါ်မှ သူ့ရဲ့စာရွက်စာတမ်းတွေကိုစီနေရင်း မင်ဟီးကပြောလာသည်။ သူ့ရဲ့ဘေးတွင်တော့ မှတ်စုတစ်အုပ်နှင့် ဖောင်တိန်တစ်ချောင်းကိုကိုင်ထားပြီး ပြောသမျှလိုက်မှတ်ရန်အသင့်ဖြစ်နေသည့်ဆောင်းမင်က မတ်တပ်ရပ်နေလျှက်။

ဒီရုတ်တရက်အစည်းအဝေးအကြောင်းကို မနေ့ကဂျောင်ဝန်းပြောခဲ့စဉ်က ဂျုံဆောင်းမှာအတွေးလွန်ဖို့အချိန်မရခဲ့။ အယ်ဒီတာကြီးတောင်းဆိုထားပါသည့် လက်ရေးစာမူတစ်ခုကိုလုံးပန်းရင်း အလုပ်ရှုပ်နေခဲ့ရသည်။

You've reached the end of published parts.

⏰ Last updated: Mar 13, 2022 ⏰

Add this story to your Library to get notified about new parts!

you're my celebrity | heejayWhere stories live. Discover now