လှည့်စားရက်တယ် 🎼🎼🎼
မျက်ရည် ကျရလောက်အောင်ဘဲ🎼🎼🎼
နင်ခေါ်ရက်တယ်🎼🎼🎼
ကြောက်စရာ အချစ်နွံထဲ🎼🎼🎼
အနိုင်ကျင့်ရက်တယ် 🎼🎼🎼
အချစ်ကို ဦးစားပေးသူမို့🎼🎼🎼
ခေါ်ဆောင်ခဲ့တယ်🎼🎼🎼
ကြောက်စရာ အချစ်နွံထဲ🎼🎼🎼အပြာရောင်အခန်းလေးအတွင်းမှာ ပျံ့လွန့်နေတဲ့ သီချင်းလေးကို ကျွန်တော် လိုက်ဆိုနေမိတယ်
အင်း ကျွန်တော် ပန်သောတဆင် ဆိုတဲ့ ကျွန်တော်သီချင်းက ဆုံးသွားပေမယ့် ကျွန်တော့ ရင်ထဲက
နာကျင်မှုတွေကတော့ မကုန်သွားခဲ့ဘူး....မျက်လုံးလေးတွေက ငိုရပါများလွန်းလွန်းလို့ မျက်ရည်တွေ ထပ်မကျ နိုင်တော့ဘူတဲ့....
အကိုက သိပ်အတ္တကြီးလွန်းတယ် ကမ္ဘာပေါ်မှာ
မင်းကို အချစ်ဆုံးပါဘဲ ကလေးရယ်လို့ ပြောပြီး
အသင့်တော်ဆုံး မိန်းမ တစ်ယောက်ကို ရွေးသွားခဲ့တယ်....💔💔💔
၁ လ ကျော်လောက် မဆက်သွယ်ဘဲ ပစ်ထားတဲ့ အကို့ကြောင့် သောတ မှာ အချိန်တိုင်း မျက်ရည်နဲ့မျက်ခွက် ဖုန်းခေါ်တိုင်းလည်း လူကြီးမင်းနဲ့သာ တိုးနေသည် အကို သွားတတ်တဲ့ နေရာလေးတွေ တွေ့လို့တွေ့ငြား လိုက်ရှာသော်လည်း မတွေ့ရသည်မို့ ကြာတော့ သောတ စိတ်ဓာတ်ကျလာရသည် အကိုများ သူ့ကို စိတ်ပျက်လို့ ထားသွားပြီလားဆိုပြီနေ့တိုင်းပူလောင်နေရသည်....
သောတ စိတ်ဓာတ်ကျကာ ငေးငိုင်နေတုန်း ဖုန်းစိမ်းတစ်ခု၀င်လာသည်မို့ ပြာပြာသလဲ ထယူပြီး ကိုင်လိုက်သည်...
" Hello...Hello အကိုလားဟင် !"
" အင်း ! "
တစ်ဖက်က ခပ်တိုးတိုး ပြန်ဖြေလာတဲ့ အသံကြောင့်
သောတ ရင်ထဲ ပြောမပြတတ်အောင် ပျော်သွားရတယ်"အကို...တကယ်ဘဲ အကိုမလား အဟင့် တောင်းပန်ပါတယ် ကျွန်တော်ဘာမှားသွားလဲ မသိပေမယ့် ကျွန်တော်ကဘဲ တောင်းပန်ပါတယ် ပစ်မထားပါနဲ့
ကျွန်တော့ကို အကို မရှိရင် ကျွန်တော် သေနိုင်လို့ပါ ""•••••••"
" အကို...ကျွန်တော့်ကို စိတ်မပျက်လိုက်ပါနဲ့နော်
ကျွန်တောင်တောင်းပန်ပါတယ် အဟင့် ! "