အပိုင်း ၁

30 3 4
                                    

For Unicode...

ခေါင်းအုံးဘေးနားမှာ ထား,ထားသော ဖုန်းလေးဆီမှ ကျေးငှက်လေး၏ သာယာသံက ထွက်ပေါ်လာသည်။အအိပ်မက်သော သူ့အတွက်ကား နှိုးစက်သံမှာ မကြားချင်မှအဆုံး ငှက်ဆိုးထိုးသံသကဲ့သို့ပင်။

ဖုန်းကောက်ကိုင်ကာ တဂျီဂျီ အော်မြည်နေသော နှိုးစက်ငှက်သံအား ပိတ်ပစ်ကာ ပြန်အိပ်ဖို့ ကြံစည်နေဆဲ ချိုသာသော အသံလေးနှင့်အတူ အိပ်ခန်းထဲသို့ဝင်လာသော သူ့အတွက်နှစ်ယောက်မရှိသည့် ချစ်လှစွာသော မမ။

သူနဲ့အသက် (၉) နှစ်ကွာသည့်မမက အခုထိ တစ်ကိုယ်တည်း အပျိုကြီးဖြစ်နေဆဲ။အဓိကအကြောင်းအရင်းကတော့ BTS ကအကိုကြီးတွေကြောင့်ပါပဲ။မမက ရူးရူးမူးမူးတမ်းတမ်းစွဲကိုဖြစ်နေတာဗျ။

"အမလေး...အခုထိအိပ်ယာက မထသေးဘူးလား။ထပါတော့ အကိုတော်ရဲ့။နေဖင်ထိုးနေပြီ သိရဲ့လားဟင်။"

ပြောဆိုကာဖြင့် မမက ခြင်ထောင်ကို သိမ်းနေ၏။ထို့အတူ သူ့ကိုယ်ပေါ်က စောင်အပါးကို ဆွဲယူကာ ခေါက်သိမ်းပေးနေပြန်သည်။

"ဟာ မမကလည်း သားမှမထချင်သေးတာကို"

"သားမှ မထချင်သေးတာတွေလုပ်မနေနဲ့ကွယ့်။ဒီနေ့ သားရဲ့ အစ်ကိုချောချောလေး အိမ်ပြန်လာမှာလေ။အဲ့တာ နေ့လည်သွားကြိုရမယ်​လေနော်။"

"မမနော် သားရဲ့အစ်ကို ဆိုတာကြီးကို ထည့် ထည့်မပြောပါနဲ့။​ပြီးတော့ သူ့ဘာသာသူပြန်လာမှာလေဗျာ။ကလေးမဟုတ်တော့ဘူး သွားကြိုစရာလိုလို့လား မမကလည်း။"

တခြားသူတွေကိုဆို ဖော်ရွေသလောက် သူ့အစ်ကို အ​ကြောင်းပြောရင် မျက်နှာထားပြောင်းသွားတဲ့ ဇင်ယော်လေး ကို မီလွမ်းဘယ်လို နားလည်အောင် ပြောပြ ရပါ့မလဲ။

"ဇင်ယော်လေးနော် အဲ့လိုမဆိုးရဘူး။ဘာပဲဖြစ်ဖြစ် သူက သားရဲ့အစ်ကိုပဲလေ။ ကဲ...ကဲ ထပါတော့လေ။ဘယ့်နှယ် ကလေးပိစိလည်းမဟုတ်တော့ပဲ။ထပ်အိပ်ဖို့လုပ်နေပြန်ပြီ။"

ထိုသို့ပြောကာမှ ချစ်စရာမျက်နှာလေးမှာ စူပုတ်လာကာ အစ်မဖြစ်သူအား စိတ်ထကောက်ပါသော ခန့်လေးရယ်ပါ။

"မမ​ပြောတော့ သားက မမအတွက် အမြဲကလေးပိစိလေးပါပဲဆို။ဟွန့် အခုတော့ပြောပြီပေါ့။"

နှောင်ကြိုးလေးတစ်မျှင် Where stories live. Discover now