For Unicode
"မင်း ငါ့အခန်းထဲကို ဘာလာလုပ်တာလဲ။"
အထုပ်ဆွဲပြီး ဝင်လာတာကို မြင်ရဲ့သားနှင့် ဘာလာလုပ်တာလဲ ဟုမေးနေသေးသည့် ငတုံး သွင်ခန့်လှိုင်း ။"မင်းကို တက်ခွမလို့ဟေး" ဟု ပြောလိုက်ပြန်ရင်လည်း မကောင်းပဲ ရှိတော့မည်။
"မြင်တဲ့အတိုင်းပဲ။ကြီးကြီး ကျယ်ကျယ်တွေ သိပ်လုပ်မနေနဲ့။ဒီအခန်းက ငါလည်း တစ်ဝက်ပိုင်တယ်ဆိုတာ သိထား။"
စကားကြီး စကားကျယ်ပြောနေသည့် သွင်ခန့်ကို စိုင်းမာန် မခံချင်အောင် တမင်ဆွပေးလိုက်သည်။
"ဘာ!...မင်း။"
"ဘာမှ မင်းမနေနဲ့။ငါအိပ်ချင်နေပြီ ဟိုဘက် တိုး။"
ကုတင်ထက်မှာ အိပ်လှဲနေသည့် သွင်ခန့်ကို ဘေးသို့ တွန်းထုတ်ကာ ပိုင်စိုးပိုင်နင်း ဝင်အိပ်နေသည်။ပူက ပူရသည့်ကြားထဲ ဘေးမှာဝင်အိပ်နေသည့် စိုင်းမာန် ကိုစိတ်တိုလာ သည်မို့ ပြန်ပြောမည်ဟု ကြံစည်နေတဲ့ သွင်ခန့် စကားတွေ ပါးစပ်ဝမှာပင် ပလိတ်အုပ်သွားရ၏။
"ဘာမှပြန်ပြောဖို့ ကြံစည်မနေနဲ့ သွင်ခန့်လှိုင်း တိတ်တိတ်နေ ငါ တကယ်အိပ်ချင်နေပြီ။"
"Shitttt....."
ဒီကောင့် နာမည်ကို စိုင်းမာန်ခန့်ညား လို့ ကင်ပွန်းမတတ်ပဲ ပိုင်စိုးပိုင်နင်းကောင်လို့ ပေးထားခဲ့ရမှာ။အိပ် အိပ် သေအောင်အိပ်။တစ်သက်လုံး ထမလာလည်း ကောင်းတာပဲ။
ငါနော် စိတ်လျှော့ထားတယ်။တော်ပြီ သူ့အနားနေရင် အကုသိုလ်များတာပဲ ရှိမယ်။ကျော်ကြီးတို့ အိမ်ကို ဒိုးတာပဲကောင်းတယ်။"အား... သွင်ခန့်လှိုင်း ..မင်း ပြန်လာမှ တွေ့မယ်။မင်း..."
အမြင်ကပ်ကပ်နှင့်သူ့ခြေကျင်းဝတ်ကိုတက်နင်းကာ ကုတင်ပေါ်က ပြေးဆင်း လာခဲ့သည်။ဘယ်လောက် နာတာကျလို့။အော်နေလိုက်တာများ ယောကျာ်းမဟုတ်တဲ့ အတိုင်း။
"ပလာ...ပလာ"
တစ်ရှူးရှူးတရှားရှား ဖြစ်နေသည့် သူ့ကို သွင်ခန့် လျှာထုတ်ပြကာ အခန်းအပြင်သို့ ပြေးထွက်ခဲ့သည်။ဖြစ်ချင်ရာဖြစ်။ခုပြဿနာ နောက်မှ ရှင်းမယ်။လောလောဆယ်တော့ တအားကို ကျေနပ်တယ်။ဝမ်းသာတယ်။ပီတိဖြစ်တယ်။
YOU ARE READING
နှောင်ကြိုးလေးတစ်မျှင်
Randomမသိစိတ်ကနေ တစ်စတစ်စ ရှင်သန်လာနေတဲ့ သံယောဇဥ်နှောင်ကြိုးလေးတစ်မျှင်ဟာ နှလုံးသားကို ရစ်ပတ်ကာ ထုံးဖွဲ့တော့မယ်ဆိုတာ ဘယ်သူကကြိုသိနေနိုင်မှာလဲကွယ်။ (Uni & Zawgi) 29.11.2022 ➪ !𝙈𝙮 𝙤𝙬𝙣 𝙘𝙧𝙚𝙖𝙩𝙞𝙤𝙣!