« One » ✓

962 58 45
                                    

“ Memories of a small Village ”

Date - March.10 ✓

ဘွဲနှင်းသဘင် အခမ်းအနားကို ရောက်ရှိနေကြသည့် လူငယ် ငါးယောက်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဘွဲနှင်းသဘင် အခမ်းအနားကို ရောက်ရှိနေကြသည့် လူငယ် ငါးယောက်။

သည်နေ့သည် သူတို့ ငါးယောက်၏ ကျောင်းသားဘဝအဆုံးသတ်တော့မည့် နေ့လေးပင်။ အကုန်လုံးရဲ့ မျက်နှာမှာ အပြုံးကလွဲ၍ တစ်ခြားမည်သည့်အရာတစ်စိုးတစ်စိလေးတောင်မရှိ။ကျောင်းတက်သည့် ကာလပတ်လုံးလည်း အချိန်ကောင်းတွေ အများကြီးပိုင်ဆိုင်ခဲ့ကြပါတယ်။

နောက်တစ်ကြိမ်တစ်ခါလောက် ပြန်လိုချင်ရင်တောင် မရနိုင်တော့သည့် ကျောင်းသားဘဝလေး။ပျော်ရွင်စရာတွေ အလွဲများစွာနဲ့ အမှတ်ရစရာတွေ ‌ တစ်နေ့တစ်မျိုး မရေတွက်နိုင်သည့် အဖြစ်အပျက်များစွာနဲ့လည်းကြုံခဲ့ရတယ်။

ဒါကလည်း ကျွန်တော်တို့ဘဝရဲ့ တစ်ဆင့်ချိုးပဲ့မလား။ကျောင်းပြီးပြီဆိုတော့ အကုန်လုံးက ကိုယ့်လုပ်ငန်းကိုယ်စီနဲ့ အ‌ခြေကျကုန်တော့မည်မလား။အထက်တန်းကတည်းက တစ်ခန်းတည်း အတူတူအချိန်ကုန်ဆုံးခဲ့သည့် ကျွန်တော်တို့ ငါးယောက်ကရော.....?

•••••••••••••

" ယား.....ပတ်ဂျုံဆောင်း ဘာတွေစဉ်းစားနေတာလဲ။ဒီမှာ ဓာတ်ပုံရိုက်မလို့ မင်းကို စောင့်နေတာလေ။ မြန်မြန်လာစမ်းကွာ...."

အခမ်းအနားအပြီး သူငယ်ချင်းတွေအကုန်စုပြီး ဓာတ်ပုံရိုက်ပါမည်ဆိုမှ  သူ့ကို လိုက်ခေါ်နေရတယ်။တစ်ဖွဲ့လုံးပေါင်းမိရင် မျောက်လောင်းများပင်။

" ဘာလို့ သေမလိုအော်နေတာလဲ ဟီဆွန်း "

" ငါသေမလိုအော်နေတာတောင် မင်းကြားလို့လား ဘယ်ကောင်မလေးအကြောင်း ‌စဉ်းစားနေလဲမှ မသိတာ။အေပေါ့ ကျောင်းလည်းပြီးပြီဆိုတော့ ကောင်မလေးတွေကို လွမ်းနေတာပေါ့ ဟားဟား....ဂျောင်ဝန်းရေ ကိုယ့်ဘဲကိုယ်ထိန်းအုံးနော် ဒီကောင် မလွယ်ဘူး ကျွတ်....ကျွတ်...."

Memories of a small village // EnhypenWhere stories live. Discover now