အပိုင်း 1

920 106 23
                                    


တစ်လောကလုံးကို မျက်မုန်းကျိုးနေတဲ့ ကလေးတစ်ယောက်က ထူးထူးခြားခြား မျက်လုံးပြာပြာတွေကို ပိုင်တယ်။ ပြိုလဲပြိုဆင်းသွားလောက်တဲ့ ဆူးတွေက မျက်ဝန်းပြာပြာမှာ အခြေတည်တယ်။ အဲဒီ့မျက်ဝန်းပြာပြာတွေကို မမြင်ရတဲ့သူက လောကမှာတစ်ယောက်ပဲရှိတယ်တဲ့။ သူက အဲဒီ့ကလေးကိုယ်တိုင်ပဲ !!

- ♡︎ -

အပြာရောင်ဆေးရောင်တွေက အချိန်တွေကုန်လွန်သွားမှုအောက်မှာ အရောင်တွေပါးလာခဲ့တာ အနီညိုရောင် သံချေးတို့က ရထားနံရံပြင်တိုင်းလိုလိုမှာ နေရာယူလို့နေသည်။

မြို့ကြီးတွေကနေ တအိအိနဲ့ထွက်လာတဲ့ ရထားတွင် အပြာရောင်ချည်းသာသုတ်ထားခြင်းဟုမဆိုနိုင်အောင် အရောင်မွဲလှပြီဖြစ်သော အိုဟောင်းဟောင်းရထားတွဲအနည်းသာပါသည်။ ထိုရထားသည် မြို့တွေ တစ်မြို့ပြီးတစ်မြို့ ဝင်ထွက်ရင်းကနေ ပင်လယ်လေနှင့် အနီးကပ်ရာ မြို့နားသို့ ဆိုက်ရောက်လာခဲ့ပြီ။

သတ်မှတ်ထားတဲ့ ဘူတာသို့ ရောက်တာနဲ့ ရပ်တန့်သွားရတဲ့ရထားထဲ၌ အညိုရိပ်လေးတစ်ရိပ်က ကပ်ပါလာသည်။ နှင်းတွေထူတဲ့ ဆောင်းရာသီမနက်ခင်းမှာ အညိုရောင်အနွေးထည်လေးကို ထပ်ဝတ်ထားတဲ့ အရိပ်လေးသည် ရထားပေါ်က ဆင်းလျှင် ဆင်းချင်း ခေါင်းလေးက ဟိုလှည့် ဒီလှည့်။ မျက်လုံးဝိုင်းဝိုင်းလေးတွေက တစ်ယောက်ယောက်ကို ရှာဖွေနေသည့်အရိပ်အယောင်ပြနေသည်။

" ဟို....ခင်ဗျားက သူနာပြုဆရာလေး ကင်မ်များလား.."

ရထားကဆင်းတာနဲ့ ကြိုမယ့်သူကို လိုက်ရှာနေတဲ့ ကင်မ်သည် အနားကိုကပ်ကာလှမ်းမေးတဲ့ လူကြောင့်မျက်နှာလေးဝင်းသွားသည်။

ဒီမြို့ကိုရောက်ရင် အိမ်တော်ကနေလူတစ်ယောက်ကိုလွှတ်ပြီး လာကြိုခိုင်းထားတာမို့လို့ အဲဒီ့လူနဲ့အတူ လိုက်ခဲ့ပါဆိုတဲ့ ပြန်စာကို ဂျွန်ကယူရခဲ့သည်။ ဒါကြောင့် ရထားဘူတာမှာ လမ်းပျောက်နေတဲ့ကလေးလေးလို မျက်လုံးလဲ့လဲ့တွေနှင့် လာကြိုမည့်လူကို လိုက်ရှာနေခဲ့တာဖြစ်သည်။ မတွေ့ရင်လည်း ရှိတဲ့ လိပ်စာနဲ့ပဲ ကိုယ့်ဘာသာကိုယ်ပဲ အိမ်တော်ကို သွားမယ်စိတ်ကူးထားတာဖြစ်ပေမဲ့ လာကြိုတယ်ဆိုတော့လည်း အဆင်သင့်သွားတာပေါ့။

The Bluest | harukyu |Where stories live. Discover now