အပိုင်း 2

509 98 17
                                    


နေကြာတွေကိုမြတ်နိုးလွန်းလို့ နေကြာခင်းလေး စိုက်ပျိုးခဲ့တဲ့ မျက်ဝန်းပြာလေးဟာ အနားက တစ်ပွင့်တည်းသောနေကြာကိုမှ မနှစ်မြို့စွာ မုန်းလွန်းပါတယ်လို့ ဆိုလျှင် ယုံကြည်ဖွယ်ရာ ရှိလေမလား။

- ♡ -

ဝါတာနာဘယ်အိမ်တော်ကြီး၏ ဧည့်ခန်းအတွင်း ကျွန်းသားစားပွဲရှည်ကြီးပေါ်တွင် ရှိနေတဲ့ လက်ဖက်ကြမ်းရေသည် အငွေ့တွေ တထောင်းထောင်းထနေတုန်းဖြစ်ပေမဲ့ ဘယ်သူမှ လက်မတို့ဖြစ်ကြဘဲ ထွေရာလေးပါးပြောကြရင်းသာ အချိန်တွေကုန်သွားသည်။

" ရူတိုကဆိုးတော့ သူ့ဒုက္ခတွေကို ဆရာလေး ခံနိုင်ပါ့မလားပဲ စိုးတာ။ ဒါပေမဲ့ ဒီအဆိုးကောင်လေးကို ချစ်တဲ့မျက်စိနဲ့ပဲကြည့်ပြီး စောင့်ရှောက်ပေးပါလို့ပဲ အားနာနာပဲပြောရတော့မယ်ကွယ်။ "

" ဒီကိစ္စက အားနာစရာမလိုပါဘူး သခင်ကြီး။ လူနာကို စောင့်ရှောက်ပေးရမှာက ကျွန်တော်တို့ရဲ့တာဝန်တစ်ခုပဲမို့လို့ ရူတိုနေပြန်ကောင်းဖို့အတွက် ကျွန်တော့်ဘက်က အတတ်နိုင်ဆုံး ကြိုးစားပြီး ကုသပေးမှာပါ။ "

ဂျွန်ကယူ လက်ဖက်ကြမ်းခွက်ကိုယူကာတစ်ကျိတ်သောက်ပြီး စားပွဲပေါ်သို့အသာချကာ ပြောသည်။ သခင်ကြီးကတော့ ဂျွန်ကယူရဲ့တုန်ပြန်စကားလေးကို သဘောကျတာ ပြုံးတုံးတုံးနှင့်။

" ဆရာလေးလည်းရောက်ပြီဆိုမှ ဒီအဘိုးအိုလည်း အပူတစ်ဝက်လျော့သွားသလိုခံစားရတယ်။ မဟုတ်ရင် သူနာပြုအသစ်ရှာမရတဲ့ကိစ္စနဲ့ မအိပ်နိုင်ဖြစ်ရဦးမှာ။ ကဲ...ဆရာလေးလည်း ခရီးပန်းလောက်ပြီမို့လို့ ခနလောက်တော့နားလိုက်ပေါ့။ ဟုတ်ပြီလား "

" ဟုတ်ကဲ့။ ဒါနဲ့...ဟို... "

ဂျွန်ကယူက သိမ်းဆည်းဖို့ပြင်နေတဲ့ စကားဝိုင်းကိုဆက်ချင်သေးသည်။ ရောက်ကတည်းက အရိပ်လေးတောင်မတွေ့ရသေးတဲ့ ကောင်လေးကို မတွေ့ရဘဲ ဒီအတိုင်းတော့ အနားယူလို့မဖြစ်ပေ။ ဒီကောင်လေးအခြေအနေကိုကြည့်ပြီး သူ့ဘက်က ကြိုပြင်ဆင်စရာရှိတာပြင်ဆင်ထားဖို့လိုအပ်သည်။ ဒါကြောင့် ဂျွန်ကယူ အိမ်တော်တွင်းသို့ ဝင်ကတည်းက မျက်ဝန်းပြာပြာလေးကိုသာ ရှာနေခဲ့မိတာ။

The Bluest | harukyu |Where stories live. Discover now