Beast World Arc 6.18

154 11 0
                                    

Unicode


ထို့နောက် ချီယွိလှိုဏ်ဂူထဲမှထွက်လာကာ နဥ်မုန့်ကိုတာဝန်တခုပေးတော့သည်။

ထိုသည်မှာတော့ အခြားမဟုတ်.....။ သူမလေးရှေ့တရက်ကိုရှာခဲ့သလိုမျိုး ပြုပြင်စားသုံးလို့ရမည့်စားပင်များကို ဒီလာမည့်၄ပတ်အတွင်းဆက်ရှာဖို့ပင်ဖြစ်သည်။ ထုံးစံအတိုင်း.. ရှာတွေ့လျှင်လည်း နှုတ်လာစုဆောင်းလာစရာမလိုဘဲ ထိုနေရာကိုသာအမှတ်အသားပြုလုပ်ပြီးဆက်ရှာဖို့သာလိုသည်..။ 

နဥ်မုန့်ဆိုသည်မှာလည်း သူ့ကိုကိုဘာခိုင်းခိုင်း လုံးဝငြင်းဆန်ခြင်းမရှိ ပျော်ရွှင်စွာဆောင်ရွက်ပေးလေသည်။ ပြောရရင် သူမလေးရဲ့အကြိုက်ကိုက ချီယွိပြောသမျှအရာတွေကို လိုက်လုပ်ပေးရတာပဲ....

နဥ်မုန့်လေးဆီက ကြက်ပေါင်ပိုင်းတခုစီစားလိုက်ရသောအကောင်ပေါက်လေးတိုင်းသည်လည်း စားပြီးပြီဖြစ်တာမို့ နဥ်မုန့်ကိုဝိုင်းကူရှာပေးဖို့အသင့်ဖြစ်နေကြပြီဖြစ်သည်။ 

ဒါပေါ့... နဥ်မုန့်ကလည်း အရမ်းပျော်သွားတာပေါ့... ထို့ကြောင့် သူမလည်း ညနေစောင်းသည်နှင့်ကြက်ပေါင်တတုံးစီထပ်ဝေပေးအုံးမည်ဟု ကတိပေးလိုက်၏ ။

မျိုးနွယ်စုထဲမှ အကောင်ပေါက်လေးတိုင်းသည် ပိန်ပါးလှပြီး အဆော့မက်ကြသလို အကြီးတွေ၏စကားကိုလည်းနားထောင်ခဲသေးသည်။ နေ့တိုင်းလိုလို လိမ်ညာရင်းလှစ်ခနဲ ပျောက်ပျောက်သွားတတ်ကြသေးသည်။

အဆိုးလေးတွေမို့ မျိုးနွယ်ဝင်များမှာ မျိုးနွယ်စုခေါင်းဆောင်ခေါ်လာသော အကောင်ပေါက်အသစ် ပန်ဒါမလေးကို ဝိုင်းအနိုင်ကျင့်ကြမည်ကိုစိတ်ပူနေကြရသေးသည်။ သို့သော် သူတို့ထင်တာနဲ့ဆန့်ကျင်ဘက်ဖြစ်ပြီး ပန်ဒါပေါက်လေးနဥ်မုန့်နောက်ကို အကောင်ပေါက်လေးတိုင်း လိုက်လံကူညီကြသလို အတူဆော့ကစားကြသေးသည်။ 

မုန့်မုန့်လေးမှာ ကလေးဗိုလ်ပင်ဖြစ်လာပြီး အကောင်ပေါက်လေးတိုင်းသူမစကားနားထောင်ကြတာမို့ ထိုအခြေအနေမှာ လူကြီးတွေအတွက်တော့ရယ်ရခက်ငိုရခက်ပင်.....။ 

........

အကောင်ပေါက်လေးတိုင်း သစ်တောထဲတွင်အန္တရာယ်မရှိမှန်းသိကြတာမို့ နဥ်မုန့်နှင့်အတူပေါ့ပေါ့ပါးပါးလာလိုက်ကြသည်။ မနေ့ကစားပင်ရှာသည့်အတွေ့အကြုံရှိပြီးသားမို့ တောထဲရောက်သည်နှင့်စရှာကြပြီး တခုခုတွေ့သည်နှင့် တယောက်ပြီးတယောက် နဥ်မုန့်ကိုခေါ်ကာအတည်ပြုကြပြီး ထိုနေရာကိုလည်း အမှတ်အသားလုပ်လေသည်။ 

နတ်ဘုရားအဆင့်Host၏ အချစ်တော်system (Arc 6)Where stories live. Discover now