Part (1)

2.3K 178 37
                                    

[Unicode]

မွေးထဲက ဒီနေ့အတွက်ပြင်ဆင်လာခဲ့တယ်။အခု‌ေတာ့ရောက်လာခဲ့ပြီ။ မင်းသားတစ်ယောက်၊ ယောက်ျားလေးဖြစ်ခဲ့ရင်တောင်မှရွေးချယ်ခွင့်မရှိသော ငါဘ၀။ ငါ့မှာဘာအခွင့်အရေးမှမရှိဘူး။ ငါကအခုနတ်ဆိုးရဲ့ဘုရင်နဲ့ လက်ဆက်တာကိုခံရတော့မယ်။

ကိုယ့်တိုင်းပြည်ပိုပြီးအာဏာရှိဖို့ အဖေကငါ့ကို ကိရိယာတစ်ခုအနေနဲ့မြင်တယ်။ ငါကကောလက်ခံခဲ့တာလား။ မိသားစုထဲမှာတောင် ငါကဘာမှပြန်ပြောခွင့်မရှိတဲ့သူ။ အဲ့တော့ ငါ့မှာ ငြင်းဆန်ပိုင်ခွင့်ဆိုတာမရှိဘူး။

၀တ်ရုံတော်၊လက်၀တ်လက်စားမြောက်မြားစွာကို အလေးခံပြီး၀တ်ထားတဲ့ငါ။ မှန်ထဲကိုတစ်ချက်ကြည့်ပြီး ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ကြည့်တော့ ငါကအလွန်၀မ်း‌နည်းနေတဲ့ပုံပေါက်နေတယ်။ ငါမ‌ပျော်ဘူး။ ငါမချစ်တဲ့ယောက်ျားနားမှာ ငါသီးခံပြီးချစ်ပေးပြီး နေနိုင်တယ်။

ဒါမဲ့ထိုယောက်ျားက ငါ့ကိုမချစ်ခဲ့ရင်။ငြီးငွေ့သွားခဲ့ရင်။ တခြားမိန်းမများစွာနဲ့ဖောက်ပြန်မှာ။ အဲ့ဒီချိန်တွေမှာငါက သွေးတွေဆူပွက်လောက်အောင် ဒေါသဖြစ်နေခဲ့မယ်။

ဒါတွေအကုန်လုံး ငါ့အဖေအတွက် ဘာမှမဟုတ်တဲ့အရေးပဲ။ နိုင်ငံအာဏာတည်မြဲဖို့ အမေဖြစ်တဲ့သူကို မချစ်ဘဲယူခဲ့တဲ့ထိုလူယုတ်မာကို အဖေခေါ်ထိုက်သင့်လား။ အမေဟာ နိပ်စက်မူတွေရဲ့ဒဏ်ကိုမခံနိုင်တဲ့အဆုံးမှာ ကြွေလွင့်သွားခဲ့ပြီ။

"မပျော်ဘူးလား မင်းသားဂျွန်.."

မျက်ရည်တွေဟာစီးကျနေတော့ အလှပြင်ပေးနေခဲ့တဲ့ မိန်းမလှလေးတွေကိုဆိုခဲ့ပြီ။

"အဲလက်ဆာ..! ငါကအရူးနဲ့တူလား.."

"ဘယ်လိုတောင်.."

"ငါမချစ်တဲ့ယောက်ျားက ငါ့ကိုပြန်ချစ်မယ်ထင်လား.."

ပြောပေမဲ့ သူမက နူတ်ဆိတ်လို့နေခဲ့တယ်။ ပြန်ဖြေသံမကြားတော့သက်ပြင်းချပြီး အောက်ထပ်ဆင်းမို့ပြင်ခဲ့တယ်။

"ပြင်ဆင်ပြီးပြီလားသား.."

သားတဲ့။ လိုချင်တာရတဲ့လူတွေကအမြဲ ဒီလိုဆက်ဆံတတ်ကြတယ်။ 

𝑀𝑎𝑟𝑟𝑖𝑒𝑑 𝑡𝑜 𝑡𝒉𝑒 𝐷𝑒𝑣𝑖𝑙 𝐾𝑖𝑛𝑔 Where stories live. Discover now