ပြာလဲ့လဲ့မိုးကောင်းကင်အောက်တွင် စိမ်းလန်းစိုပြေ
သော ပန်းခင်းတခုက ကမ္ဘာပေါ်ရှိ တစိတ်တပိုင်းသောလူ
တို့၏ ပျော်ရွှင်ကြည်နူးမှုကို ပေးစွမ်းနေလေသည်။ဤအရာသည်ကား seoul မြို့ ရှိ ပြည်သူတို့၏ စိတ်
လက်အပန်းဖြေရာ ပန်းခြံ ပင်။ထိုပန်းခြံလေး၌ တစုံတခုသောအရာကြောင့် လူအများ
စုဝေးကာ အုံ့အော်သောင်းတင်းဖြစ်နေကြသည်။ထိုအရာသည်ကား............
မျက်နှာတွင်မိတ်ကပ်များဖွေးနေအောင်လိမ်းခြယ်ထားသည်
နှုတ်ခမ်းနီကိုလည်းပါးစပ်တွင်သာမကနားရွက်သို့မထိရုံတမယ် ဖြစ်သည် အထိအောင် ဆိုးထားသည်။
technical colour ဆံပင်အတုနှင့် လူတစုအား
တဝါးဝါး ပွဲကျသည်အထိ ရယ်မောအောင်စွမ်းဆောင်နိုင်ပေသည်။လူအများမှာ ထိုသူဆီသို့ပိုက်ဆံများ ပစ်ပေးကာ
လက်ခုပ်လက်ဝါးသံ တညံညံနှင့် အားပေးနေကြသည်။၎င်းကားအခြားမဟုတ်။လူသားတို့အားပျော်ရွှင်မှုကိုပေးသော JOKERပင်ဖြစ်လေသည်။
ထိုစဉ် ခဏ၌
" ပန်းခြံလာ ပြည်သူအပေါင်းတို့ခင်ဗျား။ ဖျော်ဖြေရေး အ
စီအစဉ်ပြောင်းလဲချိန်ကျရောက်ပြီပါ၍ ယခုဖျော်ဖြေနေသူ Joker အစား ပရိသတ်များကို နောက်ထပ် တမူ ထူး ခြားတယ့် သူတယောက်ကိုဖိါတ်ခေါ်ပါရစေ""........................ဟာ....................."
ပရိသတ်များမှာမကျေနပ်သောအသံဖြင့်ဆူညံပွက်လောရိုက်သွားကြသော်လည်း နောက်ထပ်ဖျော်ဖြေမည့်လူပေါ်
လာသောအခါ ထိုသူ အနားသို့အသီးသီးစုဝေးသွားကြ
သည်။"မေမေ။ သားကြီးလာရင် ဒီဦးလိုမျိုး JOKER လုပ်မယ်"
ထိုစကားသံကြောင့် Joker ပီတိဖြစ်ကာပြုံးမိလိုက်သည်။
"ဟဲ့သား။ငါထုထလိုက်ရ။နောက်ဒီစကားဘယ်တော့မှမပြောနဲ့။ဒါမျိုးကအဆင့်မရှိတဲ့သူတွေမှလုပ်တာ။လာ......သွားမယ်"
'' .................. ဟူး.............................."
ရှည်လျားသော သက်ပြင်းရှည်ကြီးကို တချက်ချလိုက်ရင်း
Chanyeol တယောက် မြေပြင်ပေါ်ရှိ ပြန့်ကျဲနေသော
ပိုက်ဆံများကို ကုန်းကောက်လိုက်သည်။
YOU ARE READING
JOKER
Romanceအမုန်း အငြိုး လက်စားချေမှု နဲ့ပြညိ့နေတယိ့ JOKER လေးတယောက် အချစ်ကိုရှာဖွေတွေ့ရှိသွားတယိ့အခါ ပျော်ရွှင်ရမလား ပူဆွေးရမလား ရေးဖွဲ့ထားတယိ့ FIC လေးဖြစ်ပါတယ်။ အားပေးကြပါညော် THANKS ALOT Su myat thu tun