14 . ငါသိလိုက်ရတဲ့အမှန်တရား
* ဒီနေ့က ကျွန်တော်နဲ့မောင်နဲ့ ၅ နှစ်ပြည့်ရည်းစားသတ်တမ်းနေ့လေးဖြစ်တယ် *
* ဘာ ... သူ ... သူကငါ့ကို ... မေမေတို့ကတောင်းပန်ပြီးချစ်ခိုင်းလို့ချစ်ရတာတဲ့လား ... ဪ ... ငါသိလိုက်ပါပြီသူက ... ငါ့ကိုသဝန်တိုလို့မဟုတ်ဘူးပဲ ... ကျွန်တော်သိလိုက်ရတဲ့အမှန်တရားကအဲ့လောက်ကြီး ကျွန်တော်အပေါ်ရက်စက်တာလား ကံကြမ္မာကြီးရယ် ... ကျွန်တော်ကတော့သူ့ကိုချစ်လိုက်ရတာ ... သူကတော့ ကျွန်တော်ကိုတကယ်ချစ်တာမဟုတ်ဘူးတဲ့လား ... ပြီးတော့သူ ကျွန်တော်ကိုချစ်တာက ဟန်ဆောင်ချစ်ခဲ့တာတဲ့လား .... ငါ့ရောဂါကြောင့်မေမေတို့က ... ဟာကွာ ... ဒီနေ့ ကျွန်တော်အိမ်ပြန်လာခြင်းမှာပဲ ... အခန်းထဲမှာ မေမေတို့ရဲ့စကားပြောသံကို ကျွန်တော်ကြားခဲ့ရတာဖြစ်တယ် .... ကျွန်တော်လည်း လွယ်အိတ်ထဲက ဆေးကိုသောက်ပြီးကျွန်တော် မောင့်ကိုဖုန်းခေါ်ပြီး တနေရာရာမှာတွေ့ဖို့ချိန်းလိုက်တော့သည် *
သုခ ... ပြော ဘာ ကိစ္စလည်း
ငါ ... မင်းကို မေးစရာရှိလို့ ...
မေလေ ... သုခ ရဲ့
မင်း ... ငါ့ကိုတကယ်မချစ်ခဲ့ဘူးမဟုတ်လား
အေး ... မင်းသိသွားတော့လည်းငါပြောရမှာပေါ့ ... မင်းကိုငါတကယ်မချစ်ခဲ့ဘူး ... မင်းအမေတောင်းပန်ပြီးပြောလို့ငါမင်းကိုချစ်ခြင်ယောင်ဆောင်လိုက်တာ ... ငါနဲ့မေပုံညာလည်းမပြတ်ဘူး ....
အင်းပါ ... ငါနဲ့မင်း ပြတ်ကြတာပေါ့ ... မောင်ရယ် ... ဒါပေမဲ့ ကျွန်တော်ကို အရင်လို သူငယ်ချင်းလိုတော့ခင်ခွင့်ပြုပါမောင် ...
* ကျွန်တော်လည်းမျက်ရေမကျအောင်စကားတွေကိုထိမ်းပြောရင်းနဲ့ ကျွန်တော်မရတော့တဲ့အဆုံး .... *
ငါ ... ငါသွားတော့မယ်
* ကျွန်တော်လည်း ချိန်းထားတဲ့နေရာကနေပြေးထွက်လာခဲ့တယ် ... ကျွန်တော်တယောက်ထဲ သူနဲ့စတွေ့ခဲ့တဲ့ ဝါးရုံပင်ကြီးအောက်မှာထိုင်ပြီးသူနဲ့တွေခဲ့တဲ့အချိန်လေးကိုတွေးရင်းငိုနေမိတယ် ... *
ဟေ့ ... မင်းငါတို့နဲ့ကစားမလား
အင်းကစားမယ်လေ ...
ဘာလုပ်တိုင်းလည်း ...
YOU ARE READING
အဆုံးထိချစ်ခဲ့သည် ( သူရေးတဲ့မှတ်တမ်း ) [Season - 1] [ Complete ]
Non-Fiction[ ပထမတွဲ ] မှာတော့သူတို့နှစ်ယောက်ရှေ့ဆက်နိုင်မလား .... [ ဒု - ဇာတ်သိမ်း ] မှာကဘာတွေဖြစ်မှာလည်း .... [ စာလုံရေ ၅၀၀ အထက်မပိုသော ဝတ္ထုရှည် ]