Chapter-1(Unicode)

2.9K 142 6
                                    

(Unicode)

စုရှန်ချန် သည် တိုင်ပင်ခန်း၏ တံခါးမှ ထွက်လာပြီး မှိတ်တုတ်မှိတ်တုတ်ကြယ်များလင်းနေသော ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် မျက်ရည်များ တဖန်ပြန်စီးကျလာသလို ခံစားလိုက်ရသည်။

ကံကောင်းထောက်မစွာ၊ ကျွန်တော် ဒေါက်တာဖန်ရှေ့မှာ တစ်ကြိမ်လောက် ငိုခဲ့ဖူးပေမယ့် ဒီတစ်ခါတော့ မျက်လံုးမှိတ်‌ေတာင့်ခံပြီး ပြန်သွားခဲ့သည်။

စုရှန်ချန် သည် အမြဲတမ်း အကောင်းမြင်တတ်သူဖြစ်သည်။

တစ်ဦးတည်းသော ချစ်ရသူ မသေဆုံးမီ ဘဝကိုချစ်ခြင်းဖြင့်သာဖြတ်သန်းခဲ့သည်။

သူ့အဖေထွက်သွားတဲ့နေ့မတိုင်ခင် လေလျော့ယူရလောက်မဲ့မီးပုံးပျံလို စွမ်းအင်တွေ ပြည့်နေပြီး သူ့အခြေအနေက နေ့တိုင်း ပိုဆိုးလာသည်။

တက္ကသိုလ်အလုပ်တွေလည်း ထိခိုက်ပြီး စာကျက်ဖို့လည်း ရည်ရွယ်ချက်မရှိ။

ပထမတော့ စုရှန်ချန် က အရမ်းတိုတယ်ထင်ပြီး ထွက်မလာဘူး။ နောက်ပိုင်းတွင် စိတ်ကျခြင်းလို့‌ေခါ်တဲ့ဘဝကို ရင်ဆိုင်နိုင်စွမ်းမရှိသည့် ခံစားချက်ကိုသူနားလည်လာတယ်။

သာမာန်စိတ်ကျရောဂါနှင့် တစ်ခုတည်းသော ကွာခြားချက်မှာ စုရှန်ချန်သည်သူ‌ေနမ‌ေကာင်းသည်ကို သိပြီးနောက်တွင်ဆရာဝန်၏ ကုသမှုနှင့် တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်ပြီး သူ့ကိုယ်သူ ကောင်းမွန်အောင် ပြုလုပ်လိုခြင်း ဖြစ်သည်။

ဤအချက်အတွက် စုရှန်ချန်သည် လူမှုပလက်ဖောင်းများစွာကို တမင်အ‌ေကာင့်ဖွင့်ပြီးအွန်လိုင်းတွင် သူငယ်ချင်းများနှင့် စကားပြောရန်၊ သို့မဟုတ် တိုက်ရိုက်သင်ကြားမှု၊ ချက်ပြုတ်ခြင်းနှင့် ၎င်း၏စွမ်းရည်များကို ပြသရန် ကြိုးပမ်းခဲ့သည်။

ဒါပေမယ့်......

တစ်နှစ်ခွဲကြာသွားတယ်.....

စုရှန်ချန်သည် ဤလွတ်နေသောမြို့၌ ဆက်လက်ရှင်သန်ရန် တွန်းအားကိုရှာဖွေရန် နည်းလမ်းမရှိသေးပါ။

ယနေ့ဒေါက်တာဖန်၏အဖြေကိုရှာဖွေရန် ညှိနှိုင်းခန်းသို့ နောက်ဆုံးအကြိမ်လာရောက်ခဲ့ပြီး၊ ကျောင်းခေတ္တရပ်ကာ ဖခင်၏မွေးရပ်မြေသို့ ခဏပြန်၍ ပြုစုပျိုးထောင်ရန် ဆုံးဖြတ်ခဲ့သောကြောင့်ဖြစ်သည်။

ငါလေးဒီအိမ်အတွက်အများကြီးပေးဆပ်ထားရတာလေWhere stories live. Discover now