Chapter-4(Part-1)

6 1 0
                                    

Chapter Four

တနင်္လာနေ့ရဲ့ မနက်စောစော အတန်းချိန်တွင် Jiang ShaoYan ပုံမှန်အတိုင်း သန်းလိုက်ပြီးတော့ စာသင်ခန်းထဲကို လှမ်းဝင်လိုက်သည်။

Liu Hanဆိုတဲ့ ကမ္ဘာ့အတင်းတုပ်ဘုရင်alphaက ချက်ချင်း အနားကပ်လာပြီး "မင်းလည်ပင်းပေါ်မှာ အမှတ်အသားရှိလား ကြည့်ဦးမယ်- fuck, ဘာလို့ ဘာမှမရှိတာလဲ?"

Jiang ShaoYan သူ့ရဲ့ နှာဗူးဘက်ကို ရိုက်ချလိုက်ရင်း
"ဝေးဝေးနေစမ်းပါ။ ငါ မင်းကို မင်းမိသားစုဝင်ရှေ့မှာ လိင်ပိုင်းဆိုင်ရာ ထိပါးမှုနဲ့ တရားစွဲတာ ခံချင်လို့လား"

Liu Hanရယ်လိုက်သည်။
"ဟားဟားဟား, Xiao Xiaoနဲ့ငါက မင်းကို omegaလို့ လုံးဝမတွေးပါဘူးနော်"

Luo YongHengနဲ့Xu Qianတို့လည်း အနားကပ်လာကြသည်။ သူတို့၂ယောက်လုံးက betaတွေဖြစ်ပြီးတော့ ဟော်မုန်းနံ့တွေကို နည်းနည်းပဲ သက်ရောက်မှုခံရသည်။ ဒါပေမယ့် သူတို့လည်း Jiang ShaoYanကိုယ်ပေါ်မှာ ဘာalphaနံ့မှ မရှိတာကို အာရုံခံလို့ ရသည်။

"မနေ့က မင်းအခန်းကို alphaတစ်ယောက် လာနေတယ်လို့ မင်းပဲ ပြောခဲ့တာမဟုတ်ဘူးလား? ဘာမှမဖြစ်ခဲ့ဘူးလား? ဘာလို့ ဘာနံ့မှ မရှိရတာလဲ?" Xu Qianက မေးလိုက်သည်။

Jiang ShaoYanရုတ်တရက်ပြုံးလိုက်ပြီးတော့ "မင်းတို့က တစ်ခုခုဖြစ်ဖို့ မျှော်လင့်နေကြတာလား?"

သူတို့၃ယောက်လုံး ဒီကြောက်ဖို့ကောင်းတဲ့ အပြုံးကြောင့် ထိတ်လန့်သွားကြသည်။ ဒါကြောင့် ကျောင်းတက်ခေါင်းလောင်းသံ မြည်လာတာနဲ့ သူတို့ ခုံကို ချက်ချင်းပြန်ပြေးကြတော့သည်။

Jiang ShaoYanသူ့ခေါင်းကို သူ့လက်နဲ့ ထောက်ထားရင်း သင်ခန်းစာတွေကို လိုက်နားထောင်နေပြီးတော့ အိပ်ချင်လာတယ်လို့ ခံစားရသည်။ အိပ်ချင်ပြေအောင် ပူရှိန်းချိုချဉ်ပြင်းပြင်း တစ်ခုကို သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်ပြီး ဆရာရဲ့ ပရော်ဂျက်တာကို စိုက်ကြည့်နေပေမယ့် သူ့စိတ်တွေက အနည်းငယ် ပျံလွင့်နေသည်။

Wang Zheက သူ့ဟော်မုန်းတွေက အနံ့မရှိသလောက်ပဲလို့ ပြောခဲ့ပြီးတော့ တကယ်ပဲ လိမ်ညာနေဟန်မတူဘူး။ ၂ရက်အတူနေပြီးနောက်မှာတောင် Jiang ShaoYan သူ့ဟော်မုန်းနံ့ကို နည်းနည်းမှ အနံ့မရသေးဘူး။ဒီလို စိတ်လိုက်မာန်ပါလုပ်တဲ့ အရွယ်မှာ ရည်ရွယ်ချက်ရှိရှိ တမင် ဖိနှိပ်ထားရင်တောင် မနက်ခင်းဆိုရင် alphaနဲ့ omegaတွေက ဟော်မုန်းတွေပိုထုတ်တတ်တာက ပုံမှန်ပဲ။ သူ့ရဲ့တားဆေးကြောင့် Jiang ShaoYanက အနံ့မရှိဘူး။ Wang Zheကလည်း သုံးထားတာလား?

Short story of ShaoWang (Myanmar Translation)Where stories live. Discover now