part26

797 25 4
                                    

"Tae..ဘယ်သူလဲ"

တံခါးနားမှာကြောင်ပြီးအသံမထွက်ဘဲနေ"တဲ့Taehyungကြောင့်
ynမေးလိုက်တယ်။

"နင်!ဘာလာလုပ်တာလဲ"

Taehyungအသံမထွက်တာကြောင့်အမြန်လိုက်လာပြီး
တွေ့လိုက်ရတဲ့သူက.......

"yn..ငါ့ကိုတစ်ခုလောက်
ကူညီပေးပါလားဟင်"

တစ်ချိန်လုံးသူများကိုဘဲ
ဒုက္ခလိုက်ပေးနေတဲ့သူကအခုလိုမျိုးလာပြီးအကူအညီလာတောင်းတာဆိုတော့သူဒုက္ခရောက်လာလို့ဖြစ်မယ်။

"ကူညီမယ်!ငါ့ယောကျာ်းကို
အရင်လွှတ်ပေး"

"အေးပါ"

Minyoonလည်းTaeကိုဖက်ထားတာလွှတ်ပေးလိုက်သည်။

"ငါ့မောင်ကိုလေတရားစွဲထားတာ
လေးပြန်ရုတ်သိမ်းပေးပါလား"

အသက်ထက်ချစ်ရတဲ့မောင်ဖြစ်သူ
ကိုဘာမှမဖြစ်စေချင်တာကြောင့်
အကူအညီလာတောင်းခြင်းပင်။

"ပြန်ရုတ်သိမ်းပေးရမယ်?
ဟုတ်လား
ဒါဆိုနင်ငါတို့ကိုလုပ်ခဲ့တာကရော"

တစ်မျိုးပြီးတစ်မျိုးဒုက္ခပေးခဲ့တဲ့
သူမကိုဒီတစ်သက်ခွင့်လွှတ်နိုင်မည်
မဟုတ်ပေ။

"ငါတကယ်တောင်းပန်ပါတယ်ဟာ
နင့်ကိုဒုက္ခရောက်အောင်မလုပ်ချင်ခဲ့ပါဘူးTaehyungကိုကလဲ့စား
ချေချင်တဲ့စိတ်ကြောင့်ပါဟာ"

လူပျိုလို့လိမ်ခဲ့ပြီးအထာတွေပေးခဲ့တဲ့Taehyung ကိုသာကလဲ့စားချေချင်တာကြောင့်လုပ်ခဲ့တယ်။

"ဘာဘဲဖြစ်"ငါအကုန်လုံးကို
တောင်းပန်ပါတယ်ဟာ
နင်တို့ငါ့ကိုကြိုက်သလိုလုပ်လို့ရပါတယ်ဒါမဲ့ငါ့မောင်အမှုကိုတော့
ရုတ်သိမ်းပေးပါနော်"

"အ့ဆိုမင်းသူ့အစား
ထောင်ကျခံလိုက်"

"ထယ်..."

"ဘာလဲ?ကိုယ်တို့ကိုလုပ်ခဲ့တာနဲ့တန်‌တယ်လေမဟုတ်ဘူးလား!"

"ဟုတ်ပါတယ်
Minyoonခံပါ့မယ်"

"Minyoonနင့်အမှားကိုနင်သေချာသိပြီလား"

"အင်း
ငါသိပါပြီ"

"ထယ်...ynတို့လျော့ပေးလိုက်ရအောင်လေ"

အမှန်တိုင်းပြောရရင်
Minyoonကိုထောင်ချရတဲ့ထိတော့ynမလုပ်ချင်ပေ။

"အွန်းပါ
မိန်းမသဘော"
Minyoon!မင်းပြန်တော့"

-------------------------

"ထယ်.."

"ဘာ"ထယ်"လဲ!
ယောကျာ်းလို့ခေါ်"

"အင်းပါယောကျာ်းကလည်း"

"အခုမိန်းမဖြစ်ချင်တဲ့အတိုင်း
လုပ်ပြီးပြီဆိုတော့ယောကျာ်းဖြစ်ချင်တဲ့အတိုင်း........"

ပြောပြီးတာနဲ့ခပ်မိုက်မိုက်အပြုံးလေးတစ်ခုTaehyungမျက်နှာမှာထင်းသွားတာကြောင့်
Taehyungဘာကိုဆိုလိုလည်းဆိုတာynလည်းသိပြီဖြစ်တယ်။

The reasonWhere stories live. Discover now