"ကျတော်တို့ အချင်းချင်း မတွေ့ဆုံမိတဲ့အချိန်တွေမှာ ကျတော် ဘာတွေ လုပ်နေခဲ့တာလဲ~~~
ပြန်တွေးကြည့်လိုက်တော့ ဘာမှ ရေရေရာရာ မရှိခဲ့ဘူးပဲ~~~
နေ့တိုင်းလျှောက်နေကျ တက္ကသိုလ်ရဲ့ လမ်းတွေမှာ ခြေရာထပ်အောင် လျှောက်သွားနေမိတယ်~~
Dancing room ထဲမှာ အမြဲ လေ့ကျင့်နေမယ်~~
မဖြစ်နိုင်တဲ့ မျှော်မှန်းချက်တွေကို ထားနေမယ်~~
ဒါပေမဲ့ ကျန့်ကောကို ကျတော် တွေ့ခဲ့တယ့် နေ့ကို မှတ်မိသေးတယ်'~~
ပထမဆုံးအကြိမ် မထင်မှတ်ဘဲ ကျန့်ကောရဲ့ လှပသေသပ်တဲ့ မျက်ဝန်းတစ်စုံကို မော့ကြည့်လိုက်တဲ့အချိန် ထူးထူးခြားခြား အရာအားလုံးက လှပနေတယ်လို့ ခံစားမိတယ်~~~
ကျန့်ကောကို ကျတော် ပြောပြချင်မိတယ်~~
** ဘဝဆိုတာကြီးက အကြိမ်ကြိမ်အခါခါ ပြန်လည်ဖြစ်တည်နေရင်တောင် ဒီနွေဦးမှ စတင်တွေ့ဆုံ့ခဲ့တဲ့ ကျန့်ကောဆိုတဲ့ ရှောင်ကျန့်က်ုပဲ ကျတော်အမြဲ ရွေးချယ်မယ်*** ဆိုတာကိုပေါ့
********
ဟွာချင်း တက္ကသိုလ် တွဲဖက် ပထမဆေးရုံ~~~
ခြေလှမ်း လှမ်းလိုက်တိုင်း လှုပ်ခတ်သွားတဲ့ ဂျုတီကုတ်နဲ့အတူ ဆရာဝန်လေးဟာ လက်ထဲက လူနာမှတ်တမ်းကို စိုက်ကြည့်နေတယ်~~
" မင်္ဂလာပါ ဒေါက်တာရှောင် ~~"
"မင်္ဂလာပါ ဆရာရှောင်~~"
ရှောင်ကျန့်ဟာ လမ်းမှာ အသီးသီး သူ့ကို နှုတ်ဆက်နေတဲ့ နာ့စ်တွေနဲ့ ဂျုနီယာ ဆရာဝန်လောင်းတွေကို ခေါင်းငြိမ့် အသိအမှတ်ပြုလို့ လက်ရှိ တာဝန်ယူထားရတဲ့ လူနာအခန်းဆီသို့ ဦးတည်လိုက်သည်~~
"အန်တီရဲ့ အခြေအနေက အများကြီး သက်သာလာပါပြီ~~မနက်ဖြန်နေ့လည် ဆေးရုံဆင်းခွင့်တောင်းပြီး အိမ်ပြန်လို့ ရပါပြီ~~~"
"အန်တီ့ကို ကုသပေးလို့ ကျေးဇူးတင်ပါတယ် ဆရာလေး~~ ဒါနဲ့ ကျွန်မကို ဆရာ့ရဲ့ ဖုန်းနံပါတ်လေး ပေးလို့ရမလား~~အဲ'', အန်တီ့ရဲ့ သမီးလေးကလဲ ဆရာလေးနဲ ရွယ်တူ~~"
YOU ARE READING
ချစ်ခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုသော်
FanfictionZhanYi OOL ကို ဇာတ်ကားမကြည့်နိုင်တဲ့ သူတွေအတွက် ရည်ရွယ်ပါသည်~~