Ep-8 (Unicode & Zawgyi)

349 13 0
                                    


"မုန်းတယ်ထက် ပိုတယ်"


Unicode Version

ဝယ်စရာရှိတာဝယ်ပြီးနောက် မကြီးရောက်မလာသေးလို့ ကိုင်းတို့နှစ်ယောက်cafeဆိုင်မှာအအေးသောက်ရင်းထိုင်စောင့်နေစဥ်.....

"ကိုင်း သစ်ကိုင်းရိပ်မို့လား...."

" ကို ...ကိုကို"

နယ်မှာ ရှစ်တန်းထိအတူတူကျောင်းတက်ခဲ့ဖူးတဲ့ကိုကိုနဲ့ ပြန်တွေ့တော့ ကိုင်းပျော်သွားတာတော့အမှန်ပင်..... ကိုကိုက ကျွန်တော့်ထက်(5)နှစ်ကြီးတယ်လေ....

"ကိုင်း အခုဘယ်မှာနေတာလဲ..."

"အဖိုးအလုပ်လုပ်တဲ့အိမ်မှာပါ ကျောင်းလာတက်ရင်းနဲ့ပေါ့ ဟီး...ဟီး..."

တခြားသူနဲ့စကားပြောနေတဲ့ အချိန်ရယ်နေတဲ့ ဟိုအကောင်ပေါက်ကို ချန်းတော်တော်အမြင်ကပ်နေမိသည်။သူများနဲ့ကြတော့ သွားတွေကိုဖြီးပြီးကိုယ်နဲ့ဆိုရင် အကြွေးရှင်မျက်နှာထားနဲ့ မသိရင် ကိုယ်ကဘဲအကြွေးပေးစရာရှိနေတဲ့ပုံစံနဲ့။
နောက်ပြီးဒီကောင်လေးကအရှိကိုအရှိတိုင်း​လိုက်တာကိုလည်းပြောလိုက်တာကိုလည်း ချန်းအံ့သြနေမိသည်။အနည်းဆုံးတော့'မုသားမပါ လင်္ကာမချော'ဆိုတဲ့စကားပုံတော့ရှိတယ်လေ။တချို့တွေက သူတို့ရဲ့သိမ်ငယ်မှုကိုထုတ်မပြကြပေမယ့် ဒီအကောင်ပေါက်ကတော့မတူပေ...

!ဖြူစင်ရိုးသားလိုက်လေခြင်း...!

"အခုရော ကိုင်းတစ်ယောက်တည်းလာတာလား.."

အခုမှ ဘေးကဟိုလူကိုသတိထားမိတော့သည်။

"ဟိုလေ....ဒါကအဖိုးအလုပ်လုပ်တဲ့အိမ်က အလုပ်ရှင်ရဲ့သားလေ.... "

ဒီအကောင်ပေါက်ရဲ့မိတ်ဆက်ပေးမှုကို ချန်းစိတ်ထဲဘဝင်မကျဖြစ်နေမိသည်။

"အော် အင်းပါ တကယ်လို့ကိုင်းအဆင်မပြေတာရှိရင် ကိုယ့်ကိုပြောလေ ကိုယ်ကူညီပေးမယ်"

"ဟုတ်ကဲ့ပါဗျ... "

"အဲ့တာဆိုကိုယ်သွားလိုက်ဦးမယ်နော်..."

"ဟုတ်ကဲ့ပါဗျ"

ကိုကိုသွားတဲ့နောက်ကို ကိုင်းမျက်စိတစ်ဆုံးလိုက်ကြည့်မိတော့ ဟိုလူ့ရဲ့မျက်မှာကကိုင်းရဲ့မျက်နှာရှေ့လာကွယ်နေလို့မျက်နှာလွှဲလိုက်ရတော့သည်။

'မုန်းတယ်ထက် ပိုတယ်.....'(Completed)Where stories live. Discover now