Part-26 (Unicode)

7.6K 465 12
                                    

"ကျွန်တော့်ကိုတွေ့ချင်တယ်ဆို Mr. cloud "

ဘာမထီမျက်ခုံးကို ပင့်ပြီး တည်ငြိမ်စွာ ဆိုနေတဲ့ လေသံက ချစ်သူကောင်လေးရဲ့အဖေဆိူတာ နည်းနည်းမှမသိပုံများလား။ တိကျသေသပ်တဲ့နှာတံချွန်ချွန် မေးရိုးထင်းထင်းနဲ့ ‌စူးရဲနေတဲ့မျက်လုံးမျက်ခုံးတွေက သိမ်းငှက်တစ်ကောင်အလား...ဆေးလိပ်သောက်တတ်တဲ့နှုတ်ခမ်းပါးတွေက မညိုတညို ပိရိနေကာ ယောကျာ်းကောင်းယောကျာ်းမြတ်တစ်ယောက်လို့ဆိုနိုင်သည်အထိ။

"ကျူပ် ဘယ်သူလဲဆိုတာသိတယ်မလား Mr. Lord"

"သိတာပေါ့ ကျူပ်ရဲ့နောင်တစ်ချိန်မှာဖြစ်လာမယ့် ယောက္ခထီးကြီးပဲ"

"မင်း!!!"

အဖိုးကြီးက ဒီစကားလေးပြောလိုက်တာတောင် ဆွေ့ဆွေ့ခုန်နေတာကြောင့် သူနဲ့ အကောင်ပေါက်ရဲ့ဆက်ဆံရေးကို လွယ်လွယ်လေးနဲ့ခွင့်ပြုမယ်လို့မထင်ထား။

"ကျုပ်သားကို ချစ်လား"

"ဒါကတော့ ကျုပ် ယောက္ခထီးကြီးရှေ့မှာဘယ်ဖြေလို့ရမလဲ"

"‌ယောက္ခထီးကြီးလို့ခေါ်မနေနဲ့ နားကလောတယ်"

"‌နောက်လည်းကြားရမှာပဲကို"

သမက်နဲ့ယောက္ခထီးကြားသွေးအေးစစ်ပွဲကို နှစ်ဖက်လုံးက တိတ်ဆိတ်စွာပဲစောင့်ကြည့်နေပေမယ့် အားလုံးက ပုန်းဝှက်စွာ အစွယ်တွေထုတ်ထားပြီးသား။

"ဟိုတလောက ငါ့ဂွင်ကို၀င်ဖျက်သွားတာမင်းလား"

"ဒီလိုပါပဲ Mr.cloud ရဲ့သားကိုယူမယ့်လူက ဘယ်လောက်အရည်အချင်းရှိလဲဆိုတာ နည်းနည်းလေးသိဖို့"

Mr.cloudဆိုတာ Londonမှာကျော်ကြားတဲ့သူဌေးကြီး ပြီးတော့ သူ့သားနဲ့ပတ်သတ်ပြီး ဆတ်ဆတ်ထိမခံဆိုတာကို အမိန့်စုံစမ်းထားပြီးသား။ ကိုယ်တိုင်လည်းမာဖီးယားဂိုဏ်းခေါင်းဆောင်ဖြစ်နေကာ ပိုက်ဆံကလည်း သိမ်းကြုံးရှာထားတာကြောင့် Mr. cloudရဲ့သားကို ရဖို့ဆို စကားအရာကျွမ်းကျင်ဖို့ပဲလိုသည်။

"ဘုံလေးက အခု အမေရိကန်ကိုကျောင်းသွားတတ်မှာနှစ်နှစ်လောက်ကြာမယ် မင်းနဲ့အနေဝေးရင် သူမင်းကိုချစ်ပါအုံးမလား သားကငယ်သေးတယ် စိတ်ကစားတာရောဖြစ်ရင်ဖြစ်နိုင်တာပဲလေ"

PIERCE (Completed)Where stories live. Discover now