(Uni+Zaw)

433 32 0
                                    

Unicode
ဝမ်ရိပေါ်ရဲ့နေ့ရက်တွေဟာ သာသာယာယာပါပဲ။

"သူပြန်လာမယ်လို့နင်ထင်နေတာလား......''

အင်း...။ ဘေးအိမ်ကအစ်ကိုကြီးရဲ့ဟော့ဒီလိုအသံဆာဆာလေးတွေသာမပါခဲ့ရင်ပေါ့။ဝမ်ရိပေါ်နဲ့အဲ့အစ်ကိုကြီးက အသက်တစ်နှစ်ပဲကွာတာ။ဝမ်ရိပေါ်ကUni 1styear။အဲ့အစ်ကိုကြီးကတော့2ndyearလို့ကြားတာပဲ။ဝမ်ရိပေါ်ဒီအိမ်ကိုပြောင်းလာတဲ့6လအတွင်း အဲ့အစ်ကိုကြီးရဲ့သီချင်းဆိုသံတွေကြောင့်လန့်လန့်နိုးလာရတဲ့အကြိမ်ပေါင်းလဲမနည်းတော့။အဲ့အစ်ကိုကြီးကစကားသွက်​တော့မာမားနဲ့ပါပါးရဲ့အချစ်ခံလေးကိုဖြစ်လို့။ဝမ်ရိပေါ်နဲ့တော့ခုထိမရင်းနှီးသေးပါဘူး။ဒါလဲကောင်းပါတယ်။ဝမ်ရိပေါ်ကစကားများတဲ့သူတွေဆိုသိပ်မကြိုက်ဘူး!

"ဟဲ့ငကျန့် နင့်အသံပြဲကြီးနဲ့ ခုနစ်အိမ်ကြား၊ရှစ်အိမ်ကြားလျှောက်အော်နေမယ့်အစားငါ့ကိုလာကူစမ်းပါ!''

"ဟာဗျာ မာမားကလဲ၊ဒီမှာမုဒ်ဝင်တုန်းလေးအပီဟဲနေတာကို။''

"ဟဲတာကိုနောက်ထား။ ဒီမှာလျှော်ပီးသားအင်္ကျီတွေ လာကူလှမ်းစမ်းပါငကျန့်ရယ်။''

"လာပီဗျာမာမားတို့ကတကယ်ပဲ! ဒီသားလေးတစ်ယောက်ထဲရှိတာကိုခိုင်းပဲခိုင်းနေကြတယ်။ အရေးထဲနေပူတာကတစ်မျိုး!''

"ပူမှာပေါ့။ နင့်အသံပြဲကြီးနဲ့သီချင်းတွေအော်ဆိုနေတာကိုး''

ရှောင်ကျန့်စိတ်ထဲကနေတွေးလိုက်မိတယ်။မာမားကမဆိုင်တာတွေပြောပြန်ပီလို့။ ဒီသားလေးအဆိုတော်ဖြစ်လာကာမှမားရဲ့သားကျန့်လေးဆိုလို့ကတော့နော် ဟမ့်!
အယ် အယ်! ဟိုဘက်အိမ်ကကောင်လေးစကိတ်ဘုတ်ကြီးကိုင်ပီးဘယ်သွားမလို့လဲမသိဘူး။ အဟဲ အဲ့ဒီကောင်လေးကရှောင်ကျန့်ရဲ့ခွက်ရှ်။တစ်နေ့ကျရင်အဲ့ဒီကောင်လေးကိုဖွင့်ပြောမယ်လို့ဆုံးဖြတ်ထား​ပီးသား။ခုတော့မဟုတ်သေးဘူး။အဲ့ကောင်လေးအနားရောက်လိုက်တာနဲ့ရေခဲလိုအငွေ့အသက်တွေရတတ်တာမို့ ဖွင့်ပြောမယ့်စကားတွေကကြက်ပျောက်ငှက်ပျောက် o>_<o အဲ့တာနောက်ထား၊ခုတော့ကောင်လေးနောက်လိုက်ရအုံးမယ်!

"မာမား သားအပြင်ခနသွားအုံးမယ်။ ပြန်လာမှမာမားကိုဝိုင်းကူမယ်နော်။တ့တာ။''

ဘေးအိမ်ကCrush(One shot)Where stories live. Discover now