Part 1

215 34 0
                                    

အချစ်ဆိုတဲ့အရာကို အတိအကျအဓိပ္ပာယ်ဖွင့်ဖို့ရာ ၉နှစ်အရွယ်ဆိုတာငယ်လွန်းလှသည်။ သူသိတဲ့အချစ်ဆိုတာ ယုန်နဲ့တူတဲ့ ဆံပင်ခပ်အုပ်အုပ်နဲ့ထိုကောင်လေးတစ်ယောက်ထဲရယ်သာ။
~
မူလတန်းဒုတိယနှစ်

"မင်္ဂလာပါ။ ဂျန်ဂျောင်ကုလို့ ခေါ်ပါတယ်။ နောက်စာသင်နှစ်တွေမှာ ဒီထက်ရင်းနှီးသွားချင်ပါတယ်"

မတိုးမကျယ်သောအသံနဲ့ သူ့ကိုယ်သူ မိတ်ဆက်နေတဲ့ကျောင်းပြောင်းကောင်လေးတစ်ယောက်ကိုတစ်ခန်းလုံး သောင်းသောင်းဖြဖြ ကြိုဆိုနေကြသတယ်။ ကျမအပါအဝင်ပေါ့။

"သား ဆိုဝန်းဘေးက ခုံလွှတ်မှာထိုင်လိုက်နော်"

ထိုစကားကြားတော့ ကျမခေါင်းကိုကုတ်ကာတချက်ပြုံးမိသည်။ နှစ်စထဲကခုံအလွတ်ဖြစ်နေသော ကျမဘေးမှာကျောင်းသားသစ်လေးက ထိုင်ရမည်တဲ့လေ။ သူငယ်ချင်းတစ်ယောက်ထပ်ရတော့မည်မို့ ကျမအမှန်တကယ်ပျော်မိသည်။

ပထမဆုံးအကြိမ် တွေ့ဆုံခိုက်မှာပဲ
သူ့မျက်၀န်းကိုအကြာကြီးစိုက်ကြည့်နေခဲ့မိတာ။ မျက်လုံးထဲမှာ ကိုယ်ပိုင်စကြာ၀ဠာကြီးများပိုင်ဆိုင်ထားလေသလားထင်ရအောင်တောက်ပပြီးဝိုင်းစက်နေလိုက်တာ။ နှာခေါင်းလုံးလုံးလေးရယ် နှုတ်ခမ်းအောက်ကမှဲ့နက်လေးရယ် အုန်းသီးလုံးဆံပင်လေးနဲ့ ထိုကောင်လေးဟာ ချစ်စဖွယ်အတိ။ ဘုရားသခင်က သူ့ကိုဖန်ဆင်းတုန်းက အချိန်တော်တော်ယူခဲ့ရမာ။ ကိုယ့်ကျဖြစ်သလို ဖြစ်သလိုဖန်ဆင်းပေးလိုက်ရလို့ထင်ပါရဲ့။ မျက်ရစ်တောင်ပါမလာဘူးလေ။

"တွေ့ရတာ၀မ်းသာပါတယ်။"

နှုတ်ဆက်ရန် ကမ်းပေးတဲ့လက်ကိုလျစ်လျူရှူကာ ဆူပုတ်ပုတ်နဲ့ ဘေးမှာ၀င်ထိုင်တဲ့ထိုကောင်လေးကြောင့် လူပါ အိုးတိုးအမ်းတမ်းဖြစ်သွားရသည်။ ဒါပေမယ့်လက်တော့အရှက်မခံပါဘူး။ အံလေးကြိတ်ကာ အရှက်ပြေလေးခေါင်းကုတ်လိုက်တာပေါ့။

အတန်းစသည်နှင့် စားပွဲတွေကိုဖုန်သုတ်လျက် စာအုပ်တွေစီစီရီရီထပ်ကာ ခဲတံတွေကိုညီညီလေးတွေစီထားသေးသည်။ ကိုယ့်မှာတော့အထူးအဆန်းပေါ့။ သူလုပ်သမျှကို လိုက်ကြည့်နေမိသည်။ ကိုယ်အမြဲမှောက်အိပ်နေကြစားပွဲက သူထင်သလို အဲ့လောက်မညစ်ပတ်ပါဘူး။

အချစ်လို့ပဲထင်ပါတယ်(사랑인가봐)Where stories live. Discover now