အချစ်ဆိုတဲ့အရာကို အတိအကျအဓိပ္ပာယ်ဖွင့်ဖို့ရာ ၉နှစ်အရွယ်ဆိုတာငယ်လွန်းလှသည်။ သူသိတဲ့အချစ်ဆိုတာ ယုန်နဲ့တူတဲ့ ဆံပင်ခပ်အုပ်အုပ်နဲ့ထိုကောင်လေးတစ်ယောက်ထဲရယ်သာ။
~
မူလတန်းဒုတိယနှစ်"မင်္ဂလာပါ။ ဂျန်ဂျောင်ကုလို့ ခေါ်ပါတယ်။ နောက်စာသင်နှစ်တွေမှာ ဒီထက်ရင်းနှီးသွားချင်ပါတယ်"
မတိုးမကျယ်သောအသံနဲ့ သူ့ကိုယ်သူ မိတ်ဆက်နေတဲ့ကျောင်းပြောင်းကောင်လေးတစ်ယောက်ကိုတစ်ခန်းလုံး သောင်းသောင်းဖြဖြ ကြိုဆိုနေကြသတယ်။ ကျမအပါအဝင်ပေါ့။
"သား ဆိုဝန်းဘေးက ခုံလွှတ်မှာထိုင်လိုက်နော်"
ထိုစကားကြားတော့ ကျမခေါင်းကိုကုတ်ကာတချက်ပြုံးမိသည်။ နှစ်စထဲကခုံအလွတ်ဖြစ်နေသော ကျမဘေးမှာကျောင်းသားသစ်လေးက ထိုင်ရမည်တဲ့လေ။ သူငယ်ချင်းတစ်ယောက်ထပ်ရတော့မည်မို့ ကျမအမှန်တကယ်ပျော်မိသည်။
ပထမဆုံးအကြိမ် တွေ့ဆုံခိုက်မှာပဲ
သူ့မျက်၀န်းကိုအကြာကြီးစိုက်ကြည့်နေခဲ့မိတာ။ မျက်လုံးထဲမှာ ကိုယ်ပိုင်စကြာ၀ဠာကြီးများပိုင်ဆိုင်ထားလေသလားထင်ရအောင်တောက်ပပြီးဝိုင်းစက်နေလိုက်တာ။ နှာခေါင်းလုံးလုံးလေးရယ် နှုတ်ခမ်းအောက်ကမှဲ့နက်လေးရယ် အုန်းသီးလုံးဆံပင်လေးနဲ့ ထိုကောင်လေးဟာ ချစ်စဖွယ်အတိ။ ဘုရားသခင်က သူ့ကိုဖန်ဆင်းတုန်းက အချိန်တော်တော်ယူခဲ့ရမာ။ ကိုယ့်ကျဖြစ်သလို ဖြစ်သလိုဖန်ဆင်းပေးလိုက်ရလို့ထင်ပါရဲ့။ မျက်ရစ်တောင်ပါမလာဘူးလေ။"တွေ့ရတာ၀မ်းသာပါတယ်။"
နှုတ်ဆက်ရန် ကမ်းပေးတဲ့လက်ကိုလျစ်လျူရှူကာ ဆူပုတ်ပုတ်နဲ့ ဘေးမှာ၀င်ထိုင်တဲ့ထိုကောင်လေးကြောင့် လူပါ အိုးတိုးအမ်းတမ်းဖြစ်သွားရသည်။ ဒါပေမယ့်လက်တော့အရှက်မခံပါဘူး။ အံလေးကြိတ်ကာ အရှက်ပြေလေးခေါင်းကုတ်လိုက်တာပေါ့။
အတန်းစသည်နှင့် စားပွဲတွေကိုဖုန်သုတ်လျက် စာအုပ်တွေစီစီရီရီထပ်ကာ ခဲတံတွေကိုညီညီလေးတွေစီထားသေးသည်။ ကိုယ့်မှာတော့အထူးအဆန်းပေါ့။ သူလုပ်သမျှကို လိုက်ကြည့်နေမိသည်။ ကိုယ်အမြဲမှောက်အိပ်နေကြစားပွဲက သူထင်သလို အဲ့လောက်မညစ်ပတ်ပါဘူး။