Bubble Tea Soulmate(Zawgyi)

5 0 0
                                    

"မေမေ...ပေးပါနော်"
ကောင်မလေး တစ်ယောက် အမေဖြစ်သူ၏
လက်ကိုဆွဲပြီး အရွယ်နှင့်မလိုက်အောင်
ကပ်ချွဲနေသည်။
"မိဆောင်း...ငါ ပြောပြီးပြီလေ မရဘူး😒"
"မေမေကလဲ ပေးပါနော်...နော်လို့"
"ဟူး...ငါ့လက်ကိုဆွဲထားတော့
ဘယ်လိုပေးရမှာလဲ😌"
မိဆောင်း ပြုံးသွားပြီး ချက်ချင်းဆိုသလို
အမေဖြစ်သူ၏ လက်ကို လွှတ်လိုက်သည်။
"နေ့တိုင်း သောက်နေတာ မငြီးငွေ့ဘူးလား..."
"သမီးက ကြိုက်တာကိုး...မေမေရဲ့"
"အေးပါဟယ်...ရော့ ၅ထောင် အဲ့တာ ၂ရက်စာ"
"အဲ့တာကြောင့် မေမေ့ကို ချစ်နေရတာ😽"
"အမလေး တော်ပါ...မယ်မင်းကြီးမ ရယ်"
"ဟီးဟီး သွားလိုက်အုံးမယ်နော် မေမေ.."
"မြန်မြန်သာကြွ...စက်ဘီးလဲ ဖြေးဖြေးစီးအုံးနော်"
"ဟုတ်ကဲ့ပါ..."
ဆိုင်ပိတ်သွားမည် စိုးသောကြောင့် စက်ဘီးအား
ခပ်မြန်မြန် နင်းထွက်လာခဲ့သည်။ ညနေခင်းအချိန် ဖြစ်၍ လေအေးလေးများ
တိုက်ခတ်နေသောကြောင့် စက်ဘီးစီးရသည်မှာ
အေးချမ်းလှသည်။ တောင်တွေး၊
မြောက်တွေးနေသဖြင့် မိမိ သွားမည့် ဆိုင်ကိုပင် ကျော်သွားမိသည်။ ဆိုင်ရှင်မမနှင့်လည်း
အရင်ကတည်းက ရင်းနှီးနေသဖြင့်
လှမ်းအော်ချေါသညျ။
"ဟဲ့ မိဆောင်း ကျော်သွားပြီ...😑"
"ဟိုက်....😬"
မိဆောင်း စက်ဘီးအား အမြန်ဆွဲကွေ့လိုက်သည်။
ဆိုင်ရှေ့၌ စက်ဘီးကို သေချာရပ်လိုက်ပြီး ဆိုင်ထဲသို့ ဝင်သွားသည်။ မမ ရှိရာ ကောင်တာဆီသို့ သွားလိုက်သည်။
"ကောင်လေး အကြောင်း တွေးနေလို့ ကျော်သွားတာလား မိဆောင်း..."
"မဟုတ်ပါဘူး မမကလဲ😅"
"ဒါဆို crushအကြောင်းတွေးနေတာလား"
"ဟုတ်တယ်..."
"ဘယ်သူလဲ..."
"မမလေ...😐"
စကားဆုံးသွားသည်နှင့် မိဆောင်း ခေါင်းအခေါက်ခံလိုက်ရသည်။
"ဟာ...မမ ဘာလို့ ခေါင်းခေါက်တာလဲ"
"မနောက်နဲ့ မိဆောင်း😤"
"ဟီးဟီး..."
"ဒါနဲ့ နင့်type ပြောကြည့်ပါလား..."
"မမလေ..."
မိဆောင်း ဒုတိယအကြိမ်
ထပ်အခေါက်ခံလိုက်ရသည်။
"ငိ...နာတယ် မမရဲ့"
"မမ အကောင်းမေးနေတာ..ကောင်းကောင်းဖြေ"
"အသက်ကတော့ ကိစ္စမရှိဘူး ဘိုးတော်တွေတော့ မရဘူး...ဆံပင်ရှည်ပြီး အရပ်ကလဲရှည်ရမယ်၊ gentleman typeဖြစ်ရမယ်၊ bubble teaလဲ ကြိုက်ရမယ် "
"အံမယ်...လူကသာ ကြောင်တောင်တောင်နဲ့ ကြိုက်တဲ့ပုံစံကတော့ ရှယ်ဘဲနော်😏"
"မမ..."
"ဘာလဲ..."
"မနေ့ကသောက်တဲ့ menuအသစ်က
မကောင်းဘူး"
"နင်သောက်နေကြဟာဘဲ သောက်ပေါ့..."
ထိုစဉ် ဆိုင်ထဲသို့ ကောင်လေးတစ်ယောက် ဝင်လာသည်။
*ကလင် ကလင်*
ပျင်းရိပျင်းတွဲနှင့် ရပ်နေသော မိဆောင်း၏ဘေးသို့
ဝင်ရပ်လိုက်သည်။ ထို့နောက် မမက notebookသေးသေးလေးနှင့် ဖောင်တိန်ကို ကိုင်ကာ မိဆောင်းနှင့် ကောင်လေးတို့အား မေးသည်။
"ကဲ ဘာသောက်ကြမလဲ..."
"Milk tea.." " Milk tea.."
စကားတူနေသောကြောင့် လန့်သွားကြသည်။
မိဆောင်းနှင့် ကောင်လေးမှာလည်း တစ်ယောက်နှင့် တစ်ယောက် ကြောင်တောင်တောင်နှင့် ကြည့်နေကြသည်။ မမက ဂရုမစိုက်ဘဲ ဆက်မေးသည်။
"အအေးလား အပူလား..."
"အအေး.." "အအေး..."
"ရေခဲက ချေမှာလား.."
"ချေမယ်..." "ချေမယ်..."
မမကတော့ သဘောကျ၍ ကြိတ်ရယ်နေသည်။
မိဆောင်း confidenceအပြည့်နဲ့ တွေးလိုက်သည်။
*ဟွန့်...ဒီတစ်ခုတော့ လုံးဝတူမှာ မဟုတ်ဘူး...
ဘာလို့လဲဆိုတော့ လာဝယ်သမျှ customerတွေထဲမှာ ငါတစ်ယောက်တည်း ပိုက်အဖြူရောင်နဲ့ သောက်တာ..ဟဟ*
"ကဲ ပိုက် အရောင်ကကော.."
"အဖြူရောင်.." "အဖြူရောင်..."
"ရှင် တမင် လိုက်ပြောနေတာမလား..."
"မင်းကမှ တမင်လိုက်ပြောနေတာမလား..."
"ကျွန်မ နာမည်က 'မင်း' မဟုတ်ဘူး.."
"ကျွန်တော့် နာမည်က 'ရှင်' မဟုတ်ဘူး.."
တပြိုင်နက်ထဲ ထပ်ပြောမိကြသည်။
ဤအကြိမ်တွင်တော့ နှစ်ယောက်စလုံး ရီမိကြသည်။ ရီသည်ကို ခဏရပ်လိုက်၊ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ထပ်ရီလိုက်နှင့် သံသရာလည်နေသည်။ မရယ်နိုင်သူ တစ်ယောက်မှာ bubble tea နှစ်ခွက်ကိုင်ပြီး ကျောက်ရုပ်ကြီးပမာ ရပ်စောင့်နေသော မမ...။
****************************
"ဒါနဲ့ ကျွန်တော့် နာမည်က သစ္စာတံလျှပ်ပါ.."
"ကျွန်မ နာမည်က ဆောင်းပါ.."
ယခုမှသာလျှင် ကျွန်မ သူ့ကို သေချာ ကြည့်မိသည်။ တီရှပ်အဖြူရောင်နှင့် ဘောလုံးဘောင်းဘီအတို တို့ကိုဝတ်ထားသည်။ ဆံပင်မှာလည်း ရှည်ပြီး ထက်ဝက်စည်းထားသည်။ ရုပ်ရည်ကလဲ
အသင့်အတင့် ချောသည်။
"ဒါနဲ့ အသက်က...🙄"
"ဆောင်းရဲ့ အသက်က 19ပါ...ယူ့ အသက်ကကော"
"ကျွန်တော့် အသက်က...ကျွန်တော်နဲ့ အခု စကားပြောနေတယ်လေ"
"အဟွတ်...အဟွတ်"
မိဆောင်း bubble teaသောက်နေရင်း သီးသွားသည်။ သူ တစ်သျှူးကို ယူလိုက်ပြီး ကျွန်မ ပါးစပ်အား သုတ်ပေးသည်။
*ဒုတ်..ဒုတ်..ဒုတ်..ဒုတ်..ဒုတ်*
ကျွန်မ၏ နှလုံး ပေါက်ထွက်လောက်အောင် ခုန်နေသည်။
"ဂရုစိုက် သောက်လေဗျာ..🙄"
"ဟုတ်...ဟုတ်ကဲ့😰"
"ကျွန်တော့် အသက်က 18ပါ"
"အော်...ငယ်သေးတာဘဲ😋"
"ဟုတ်တယ် မမ...🙄"
သူ ဘယ်လိုခေါ်လိုက်တယ်။ မမတဲ့လား😤။
ကျွန်မထက် ငယ်တဲ့သူတွေတောင် အဲ့လို မခေါ်ကြဘူး။ ကျွန်မ အနည်းငယ် ဒေါသထွက်သွားသည်မှာ အမှန်ပင်။ အရမ်းလဲ ဒေါသမထွက်နိုင်။
"အယ်...မမလို့တော့မခေါ်ပါနဲ့လား😤"
"အဲ့ဆို ဆောင်းလို့ဘဲ ခေါ်မယ်"
"ဟုတ်..."
"ဘယ်လိုခေါ်ရမလဲ..."
"ကျွန်တော့်ကိုလား..."
"ဟုတ်..."
"မောင်..ဆို..ရင်..ကော..😬"
"ရှင်...😳"
*****************************
*တီ..တီ..တီ..*
"ဟယ်လို မောင်..."
"မလာသေးဘူးလားကွာ.."
"ရောက်တော့မယ် မောင်ရဲ့..."
"ဆောင်း လမ်းလျှောက်လာနေတာလား.."
"စက်ဘီးနဲ့..."
"ဟုတ်ပါပြီ...ဂရုစိုက်နော်"
"ဟုတ်ကဲ့ပါရှင်..."
"အဲ့ဆို ချလိုက်တော့မယ်နော်..."
"ဟုတ်..."
"ချစ်တယ်နော်..."
"ပိုချစ်ပါတယ်ရှင်..."
**********************
စက်ဘီးစီးနေရင်း မောင့်အကြောင်းသာ တွေးနေမိသည်။ ထူးဆန်းလှသည့် ကံကြမ္မာကြောင့် မောင်နှင့် ကျွန်မ တွေ့ဆုံခဲ့ရသည်။ သူငယ်ချင်းအဖြစ်မှ စတင်ခဲ့ပြီး သံယောဇဉ် တွယ်ငြိကာ ချစ်သူတွေဖြစ်ခဲ့ကြသည်။ ဟော....တွေးရင်းနှင့်ပင် မောင်နှင့် ကျွန်မ ပထမဆုံး တွေ့ခဲ့ကြသည့် ဆိုင်သို့ ရောက်လေပြီ။ စက်ဘီးကို သေချာ ရပ်လိုက်ကာ ဆိုင်တွင်းသို့ ဝင်လိုက်သည်။ ဆိုင်တွင်းသို့ရောက်သောအခါ ဘာမှမမြင်ရလောက်အောင် မှောင်မည်းနေ၏။
"မောင်..."
ထိုအချိန်တွင် ရုတ်တရက် မီးလင်းလာသည်။ မီးလင်းလာမှသာ ကျွန်မ၏ဘေးပတ်လည်ကို သေချာကြည့်မိသည်။ ပူဖောင်းအဖြူရောင်လေးများကို အသည်းပုံ ပုံစီ စီထားသည်။ ကျွန်မ အကြိုက်ဆုံး နှင်းဆီပန်း ပွင့်ဖတ်များကိုလည်း ဖြန့်ကျဲထား၏။ထိုစဉ် ကျွန်မ မျက်လုံးကို လူတစ်ယောက် လက်နှင့် လာအုပ်သည်။
"မောင်...."
လက်များကို ချက်ချင်း ဖယ်ချလိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။
" ဆောင်းက အမြဲတမ်း သိနေတာဘဲကွာ...🙁"
"မောင်က ဆောင်း ပေးထားတဲ့ ရေမွှေးကို အမြဲသုံးလာတာကိုး.."
"ဟုတ်ပါပြီ...မောင့်ရဲ့ အချစ်ကလေး
နိုင်ပါတယ်ကွာ..."
"မောင် ဒါတွေက ဘာတွေလဲ...😳"
"Happy 2years Anniversaryပါ
မောင့်ရဲ့ အချစ်ကလေး.."
"Happy 2years Anniversaryပါ မောင်"
မောင် ကျွန်မကို ဆွဲဖက်လိုက်ပြီး ချိုသာသော စကားအားဆို၏။
"သေတဲ့အချိန်ကလွဲလို့ မောင့်အချစ်ကလေးနဲ့ မခွဲချင်ဘူးကွာ..."
                                                           
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

You've reached the end of published parts.

⏰ Last updated: Mar 19, 2022 ⏰

Add this story to your Library to get notified about new parts!

Bubble Tea SoulmateWhere stories live. Discover now