Y/nတစ်ယောက်ရေမိုးချိုးပြီးကောင်းကောင်းမခြောက်သေးတဲ့ဆံပင်တွေပေါ်မျက်နှာသုတ်ပုဝါကိုတင်ပြီးအောက်ထပ်သို့ဆင်းလာကာမီးဖိုချောင်ထဲကစားပွဲပေါ်ရှိရေကရားထဲမှရေအားဖန်ခွက်ထဲလောင်းထည့်ပြီးသောက်ရင်းအပြင်ကိုလှမ်းကြည့်လိုက်တော့ခုနကရွာနေတဲ့မိုးကသူမဟုတ်သလိုပင်...
ထို့နောက်ခေါင်းထဲဝင်လာတဲ့အတွေးအပိုင်းအစအချို့(သူ့ရဲ့ဆံပင်တွေကအနည်းငယ်မိုးရေစိုနေပြီးစိုးရိမ်မှုတွေပြည့်နေတဲ့အကြည့်တွေနဲ့y/nကိုကြည့်နေတဲ့သူ
Y/n-Taehyung shi
Tae-အဆင်ပြေရဲ့လားy/nတောင်းပန်ပါတယ်မိုးကရုတ်တရက်ကြီးရွာချလာတာထီးလိုက်ရှာနေလို့ကြာသွားတာပါ
Y/n-ရပါတယ်Taehyungလဲမိုးရေတွေစိုရွှဲနေပြီ
Tae-ahရပါတယ်ကျနော်တို့ပြန်ကြမလား
Y/n-အင်း
ထီးကကြီးပင်မယ့်လည်းနှစ်ယောက်စလုံးလုံစေတဲ့အနေအထားမျိုးတော့မဟုတ်ပေ
ထို့ကြောင့်မိုးလုံစေရန်နှစ်ယောက်သားကြားကအကွားအဝေးကိုအနည်းငယ်နီးကပ်စေသည်
Taeကလည်းy/nမိုးလုံစေရန်ထီးကိုင်းကိုy/nဘက်သို့အနည်းငယ်စောင်းပေးထားပြီးသူ့ရဲ့ပုခုံးတစ်ဖက်ခြမ်းကတော့မိုးရေတွေနဲ့စိုရွှဲနေတာပေါ့
သူတို့ရောက်နေတဲ့နေရာနဲ့အပန်းဖြေအိမ်ကခပ်လှမ်း"ပင်
လမ်းလျှောက်ပြန်ရတာမို့ဝေးပါတယ်ဆိုအကိုတော်ရဲ့လမ်းညွှန်မှုနောက်လိုက်သွားရာကလမ်းမှားနေလို့ပြန်လှည့်လာရသေးသည်
နှစ်ယောက်စလုံးလဲမိုးရွာထဲမှာမို့ချမ်းတုန်နေကြပြီ...သို့သော်လည်းရင်ထဲမှာတော့ပူနွေးနွေးခံစားချက်လေး
မိုးသံများကနှစ်ယောက်စလုံးရဲ့ရင်ဘက်ဘယ်ဘက်ခြမ်းကအကောင်ငယ်ရဲ့ခုန်ပေါက်နေသံအားဖုံးလွှမ်းသွားပြီးအပြန်လမ်းဟာလည်းတိတ်ဆိတ်လျှက်ပင်ရုတ်တရက်y/nပုခုံးပေါ်ကပူနွေးနွေးခံစားချက်လေးနဲ့အတူပိုမိုနီးကပ်သွားတဲ့နှစ်ယောက်ကြားအကွာအဝေးနဲ့Taeရဲ့ရင်ခွင်ထဲရောက်သွားတဲ့y/nTae-ကျစ်ဒီလူစက်ဘီးကိုဘယ်လိုနင်းနေတာလဲ
ကမန်းကတန်းစက်ဘီးနင်းသွားတဲ့လူရဲ့နောက်ကျောကိုကြည့်ရင်းပြောနေတဲ့Taeကိုy/nခေါင်းမော့ပြီးကြောင်ကြည့်နေမိသည်
ကိုယ့်ကိုဖက်ထားတဲ့သူ့လက်ကိုလည်းမရုန်းမိသေးပေကြောင်ကြည့်နေတဲ့y/nကိုTaeကလှည့်ကြည့်လိုက်တော့အကြည့်ချင်းဆုံမိသွားတော့မှသတိကပ်ကာရှက်ကိုးရှက်ကန်းဖြစ်သွားသည်
Taeကလည်းဖက်ထားတဲ့လက်ကိုဖယ်ပေးပြီး
YOU ARE READING
With you
RomanceMaim Actor-Kim Tae Hyung Main Actress-Min Y/N If they really love each other, nothing can separate them.