^Hat^

3.2K 244 19
                                    

Luhan တစ်ယောက် အလုပ်ကိစ္စနဲ့ လူတစ်ယောက်ကိုတွေ့ဖို့ ကော်ဖီဆိုင်တွင် ထိုင်နေလေသည် အလုပ်ပိတ်ရက်ဖြစ်သည့်အတွက်

free style နှင့်သာ company မှာ အမြဲ suit ပဲဝတ်နေရတာကိုးး

ဆောင်းလာတဲ့ white hat လေးကို ချွတ်ပြီး ဘေးခုံမှာချထားလိုက်သည် ခဏကြာတော့ လူတစ်ယောက်ဝင်လာပြီး Luhan နဲ့ အလုပ်အကြောင်းပြောကြတယ်

ဆွေးနွေးပြီးသွားတော့ Luhan လည်း ထိုလူကိုလိုက်ပို့ရင်း ကော်ဖီဆိုင်မှ အတူတူထွက်သွားကြတယ် စကားတပြောပြောနဲ့ဆိုတော့ ခုံပေါ်က Hat လေးကိုမေ့ပြီးထားခဲ့မိတယ်

သိပ်မကြာပါ ထိုနေရာသို့ Sehun တစ်ယောက်ဝင်ထိုင်လိုက်တယ် အဆင်ပြေတဲ့နေရာမို့ဝင်ထိုင်လိုက်ပေမယ့် သူတွေ့လိုက်ရတာက ခုံပေါ်မှာ Hat လေးတစ်လုံး

တစ်ယောက်ယောကကျန်ခဲ့ ဖြစ်မှာပါဆိုပြီး Sehun လည်း သူ့အကြိုက် bubble tea ကို သောက်နေလိုက်တယ်

Sehun မျက်လုံးတွေ ဦးထုတ်လေးကို ပဲကြည့်နေမိတယ် ဘာမှမထူးဆန်း Design ကလည်းရိုးရိုးရှင်းရှင်းသာ အဖြူရောင် ပြီးတော့ RCLQ ...

Sehun ပြုံးမိလိုက်တယ် RCLQ hat ဆိုရင်သူလည်းသဘောကျတာပဲလေ ဘာရယ်မဟုတ် ဒီဦးထုတ်ကို စိတ်ဝင်စားနေမိတယ်

Sehun လည်းတစ်နာရီလောက် အချိန်ဖြုံးပြီးတော့ ဆိုင်ထဲကထွက်လာလိုက်တယ် နောက်ကနေ waiter လေးက အစ်ကို ဒီမှာ ဦးထုတ်ကျန်ခဲ့တယ် လို့အော်ပြီး လိုက်ပေးတယ်

ထူးဆန်းတာက Sehun တစ်ယောက် ဒါငါဦးထုတ်မဟုတ်ဘူးလို့မပြောဘဲ အိမ်ထိသယ်လာမိတာပဲ အိမ်ရောက်တော့ အခန်းထဲက ချိတ်လေးမှာချိတ်ထားလိုက်တယ်

Luhan မီးပွိုင့်မှာ ကားပိတ်နေတာနဲ့ စိတ်မရှည်ဘဲ ဆံပင်တွေကို ဖွလိုက်တယ် ဟင် ငါ့ ငါ့ဦးထုတ်

လမ်းတစ်ဝက်လောက်ရောက်မှ ဦးထုတ်မပါမှန်းသိပြီး ပြန်လှည့်ရော

ဆိုင်ရောက်တော့ ထိုင်ခဲ့တဲ့နေရာမှာ ဦးထုတ်ရှိမနေ counter မှာသွားမေးတော့လည်း မတွေ့မိဘူး ဆိုတဲ့အဖြေသာ

Luhan ထွက်သွားပြီးမှ ခုနက waiter လေးက counter သို့ရောက်လာတယ် ပြောရရင်တော့ လွဲသွားတာပေါ့နော်

^Hat^Where stories live. Discover now