မောင် မှတပါး အခြားမရှိ (Part - 3)

2.4K 153 0
                                    

Part - 3

မောင်မှတပါး အခြားမရှိ

ဒီလိုနဲ့ ကျောင်းတက်ရက်တွေ ကုန်ခါနီးလာပါတော့သည် ။ စာမေးပွဲနီးလာတော့ စာတွေကျက်လိုက်ကြ ညနေဘက်ဆို လေးယောက်သား အပြင်သွားလိုက်ကျနဲ့ပေါ့။

စစ်ပိုင်ကတော့ တစ်ခါတစ်လေ ကျွန်တော်တစ်ယောက်ထဲကိုလာခေါ်ပြီး POINT လက်ဖက်ရည်ဆိုင်ကိုလာတက်ပါတယ်။ ဆိုင်ကိုရောက်တိုင်း နှစ်ယောက်သား Perfect တစ်ခွက်ဆီ မှာသောက်နေကျ ။ ချစ်ခွင့်ပန်ထားတဲ့ လူတစ်ယောက်အပေါ်ကို ဘယ်တော့မှ မလေးမစားမလုပ်တက်တဲ့ စစ်ပိုင်ဟာ
ကိုယ့်အပေါ်ကိုလဲ နှစ်ယောက်ထဲဆိုပြီး ဘယ်တော့မဆို စကားနဲ့တောင် အခွင့်အရေးမယူခဲ့ပါဘူး။

သူ့အကြောင်းတွေကိုတော့ လေသံအေးအေးလေးနဲ့ အမြဲပြောပြတက်ပါတယ်။

" ညီ! မင်းသိလား ငါတို့ယောကျ်ားလေးတော်တော်များများမှာလေ သူတို့စွဲစွြဲမဲမြဲကြိုက်တာမျိုးရှိတာကိုလေ ၊ မင်းကတော့ အဲအကျင့်တွေဘာမှမရှိဘူးနော် "

" မင်းမှာရှိတဲ့အကျင့်တွေ ငါ့ကိုပြောပြ"

" အင်း !! အချို့ယောကျ်ားလေးတွေက အရက်ကြိုက်တယ် ၊ တချို့ကျ လောင်းကစားကြိုက်တယ် တချို့ကကြတော့ မိန်းကလေးရှုပ်ရတာကိုကြိုက်တယ် အကုန်လုံးပါတဲ့သူတွေရှိပေမဲ့ အနည်းဆုံးတော့ အဲသုံးမျိုးထဲကတစ်မျိုးမျိုးနဲ့ မလွတ်တဲ့သူများတယ်
မင်းကတော့ မကုန်လွတ်တဲ့ရှားပါးလူသားလေး "

" အဲဒါဆို မင်းကရောဘာကြိုက်လဲ ငါ့ကိုပြောပြလေ"

ကျွန်တော်မေးလိုက်တယ်ဆိုရင်ပဲ စစ်ပိုင်တစ်ယောက် ရီရင်နဲ့ သူ့မျက်နှာကို လက်နဲ့ပွတ်လိုက်ပါတယ်။

" ငါအမှန်တိုင်းပြောမယ်နော်၊ မင်းစိတ်မဆိုးနဲ့ အမှန်ဆိုငါက အရက်ကြိုက်တာ၊ ဒါပေမယ့် အခုနောက်ပိုင်း ငါအရက်မသောက်ဖြစ်တော့ဘူး ညနေဘက်ဆို မင်းအဆောင်ကို လာရမယ်ဆိုတဲ့စိတ်က ငါ့မှာရှိနေတော့ အရက်သောက်ဖို့ကို သိပ်စိတ်မပါတောလို့"

ပြောပြီးသူ့ဟာသူ ရှက်ရှက်နဲ့ရီနေတဲ့ သူငယ်ချင်းကောင်းလေးကို ကြည့်ရင်း ကိုယ့်စိတ်ထဲလဲ သူရှိနေပြီဆိုတာသိလိုက်ရပါတယ်။

 မောင် မှတပါး အခြားမရှိ ( မောင် မှတပါး အခြားမရှိ) ⚠Completed ⚠Where stories live. Discover now