လူတယောက်ဟာ
နှင်းဆီကိုင်းတကိုင်းကိုအများဆိုင်ရာ
မြေတနေရာမှာစိုက်ပြီးထွက်ခွာသွားတယ်
ထိုနေရာကိုနောက်လူတယေက်ကရောက်လာပြီး
နှင်းဆီကိုသဘောကျတာနဲ့
အပင်ရှင်သန်ဖို့နေတိုင်းပြုစုစောင့်ရှောက်တယ်
လအနည်းငယ်ကြာသောအခါ
နှင်းဆီပင်မှာအပွင့်တပွင့် ပွင့်လာတယ်
ပထမလူပြန်ရောက်လာပြီး
ဒုတိယလူနဲ့နှင်းဆီပင်နားမှာဆုံတော့
ထိုပန်းကိုပန်ဆင်လိုကြတယ်
ပန်းကိုဘယ်သူကပန်ဆင်သင့်သလဲ....???