"Madam" Part.3 ( U + Z )

651 57 2
                                    

Li : ဟူးးးးပင်ပန်းလိုက်တာ

Liliလည်းအချိန်းပိုင်းအလုပ်ကပြန်ရန်
ပြင်ဆင်နေစဥ်တိုးတိုးလေးညှီးနေမိတယ်
မှောင်မည်းနေတဲ့လမ်းမထက်မှာလူတေကအနည်းသာရှိတော့တယ် ချစ်ရသူရဲ့လက်ကိုကိုင်ဆွဲ ပြီးလမ်းလျှောက်နေတဲ့သူတေရှိကြသလို
မိသားစုလိုက်လမ်းလျှောက်နေတဲ့သူတေလည်းရှိကြတယ် liliကတော့တစ်ကောင်တည်းပေါ့...

Li: မဒမ်...

ပါးစပ်ကနေကိုယ်ကိုတိုင်တောင်မသိဘဲ
ထွက်မိသွားပြန်တယ်

မဒမ်ဟာliliတို့အိမ်မျက်စောင်းထိုးက
အလင်းရောင်အနည်းငယ်သာရှိတဲ့
အိမ်လေးဆီကိုဝင်သွားခဲ့တယ် အချိန်တန်ကြာအောင်liliစောင့်​နေ​ပေမယ့်
မဒမ်ဟာပြန်ထွက်လာခဲ့ခြင်းမရှိပါဘူး
Liliလည်းစိုးရိမ်စိတ်အချို့ဝင်လာတာနဲ့
ထိုအိမ်ထဲကိုဝင်ရန်ဆုံးဖြတ်ချက်ချလိုက်တယ်
တွန်းလာတဲ့းစက်ဘီးလေးကိုဒေါက်ထောက်ပြီး
ထိုအိမ်လေးဆီကိုလူမသိအောင်ဝင်သွားလိုက်တယ်
သစ်ကိုင်းခြောက်တစ်ခုကိုလက်ကဆွဲယူလိုက်ပြီး
ထိုအိမ်ထဲဝင်လာလိုက်တယ်

"အာ့...."

Li: မဒမ်...

Liliကျယ်လောက်စွာအော်မိသွားတယ်
အသံလာရာဘက်ကိုliliအပြေးလေးသွားမိတယ်
သို့ပေမယ့်....

Jen: မင်းဘယ်လိုလုပ်....

Jenလည်းအိပ်ခန်းထဲကအထွက်
ပစ္စည်းတစ်ခုကိုခလုတ်တိုက်ပြီးကြမ်းပြင် ပေါ် ကိုလှဲကျသွားခဲ့တယ်
ကျသွားတာနဲ့တစ်ပြိုင်နက်
လူတစ်ယောက်ရဲ့အသံကိုjenကြားရတယ်
ပြီးတော့ပြေးလာတဲ့ခြေလှမ်းတေကလည်းတစ်ဖြည်းဖြည်းနီးလာတယ်ဆိုတာခံစားရတယ်
Jenရဲ့အနားကိုခြေထောက်သွယ်သွယ်လေးတစ်စုံကလာရပ်နေခဲ့တယ် jenလည်းထိုသူကိုမော့ကြည့်လိုက်ရာ ဟိုကလေးဖစ်နေခဲ့တယ်

Jen: မင်းဘယ်လိုလုပ်ဒို့အိမ်ထဲရောက်လာတာလဲ

Jenလည်းလှဲနေရာကနေပြန်ထပြီးမေးလိုက်တယ်

Li : ဟို...ဟို...ဟိုလေ

Jen: ပြော...မြန်မြန်...

Jenလည်းစိတ်မရှည်တော့တာနဲ့အော်ပြီးပြောလိုက်မိတယ်

"Madam" ( Unicode + Zawgyi )Where stories live. Discover now