UNICODE
[မောင့်ကိုချစ်ဖို့မွေးဖွားလာပါတယ်]
JAY x SUNOOဝါကျင့်ကျင့် သစ်ရွက်တွေသည် ဆိုးလ်မြို့ရဲ့လမ်းမပေါ်ထပ် ပျံ့ကျဲနေကြသည် ။
မနက်ခင်းနေရောင်ခြည်နုနုကလဲဖြာလို့နေရင်း အဝါရောင်သစ်ရွက်တွေနှင့်ထိတွေ့တဲ့အခါ အဝါရောင်သန်းသော စိန်တုံးလေးများသဖွယ်လှနေကြသေး၏ ။လမ်းကိုဖြေးဖြေးမှန်မှန်လျှောက်နေတဲ့ ဆောနူ ကလွယ်အိတ်ကိုတစ်ဖက်သိုင်းရင်း အေးချမ်းတဲ့လေနုအေးတွေကြောင့် အနွေးဓာတ်ရလိုရငြား လက်နှစ်ဖက်ကိုအချင်းချင်းပွတ်တိုက်နေသေးသည် ။
"အေးလိုက်တာ ဆောင်းဦးမို့လားမသိဘူး"
ရာသီဥတုကိုအပြစ်တင်လို၍မဟုတ်သော်လည်း ထိုရာသီဥတုကြောင့် သာအေးနေသည်မလို့ ဘာမှမဆိုင်သော ဆောင်းဦးကိုသာ ဆောနူ စိတ်ဆိုးပစ်လိုက်ချင်သည် ။
ကျောင်းဝန်းထဲတွင်ရှိနေသော မေဘယ်လ်ပင်များမှအရွက်တွေသည်လဲ ကျောင်းဝန်းအတွင်း၌နေရာယူထားကြသည်မှာ မနဲမနောပေ ။
"ဆောနူ!! ငါဒီမှာ!"
ဂျောင်ဝန်း ရဲ့လက်ပြကာအော်ပြောလိုက်ခြင်းကြောင့် ဆောနူ အပြေးသွားရင်းသာ ဂျောင်ဝန်း ကိုစူးစိုက်ကြည့်လိုက်သည် ။
"ငါ လို့မသုံးရဘူးလို့ဘယ်နှစ်ခါပြောပြရမလဲ? ယန်းဂျောင်ဝန်း??"
"မသိဘူး ! ကျွန်တော်ဆိုတာကြီးက ခလေးအရမ်းဆန်တယ် မပြောချင်ဘူး"
"ပြီးရော နောက်ခါ စီနီယာဟီဆွန်းနဲ့တွေ့ချင်ရင် Hyg ကိုအဖော်မလိုက်ခိုင်းနဲ့တော့!"
"ဟင်? မဖြစ်ဘူးလေ အဲ့တာတော့မဖြစ်ဘူး"
ဂျောင်ဝန်း သည်သူကြွေနေရပါသော စီနီယာ ဟီဆွန်း နဲ့ပက်သတ်လာလျှင်တော့ထိုသို့အပြောင်းအလဲမြန်တက်သည် ။
YOU ARE READING
မောင့်ကိုချစ်ဖို့မွေးဖွားလာပါတယ် - SunJay
FanfictionJay and Sunoo Myanmar Fanfiction Just A fictional story ⚠️ Unicode Zawgyi