"နှင်း"
နေမင်းခေါ်လိုက်တော့ နေမင်းကိုကျောခိုင်းကာရပ်နေတဲ့နှင်းက
ပြုံးပြီးလှည့်ကြည့်လာတယ်"မောင်"
နှင်းခေါ်လိုက်တဲ့ နေမင်းအတွက်နာမ်စားလေးက မောင် တဲ့
ယောကျာ်းလေးတစ်ယောက် မဟုတ်ပါပဲမိန်းကလေးတစ်ယောက်ကို
" မောင် "လို့ခေါ်တာ ထူးဆန်းသည်မလားသို့ပေမဲ့ အဲ့နာမ်စားက နေမင်းကိုယ်တိုင်နှင်းကိုခေါ်ဖို့ခွင့်ပြုထားတဲ့ထားတဲ့နာမ်စားလေးတစ်လုံး
ကိုယ့်ဘဝမှာ နှင်းကသာခေါ်ခွင့်ရှိတဲ့နာမ်စား
နှင်းဘဝမှာကိုယ့်ကိုသာခေါ်ခွင့်ရှိတဲ့နာမ်စားနေမင်းဘဝအတွက်အေးချမ်းမှု သာမက နွေးထွေးမှုတေပါပေးနိုင်တဲ့နှင်း
"ဘာလို့နောက်ကျနေတာလည်းမောင် နှင်းစောင့်နေတာကြာလှပြီ"
ကလေးဆိုးလေးလိုဆိုးနွဲ့တက်သလို တခါတလေ ကိုယ့်ကို အဘွားအိုပေါက်စလေးလို ဆူငေါက်နေတက်သေးတာ
"အဖေပြန်ရောက်နေလို့"
"အော် ဟီး မသိလို့"
သူများတေရှေ့မှာသိပ်ကိုလှပပြီးတည်ငြိမ်တဲ့နှင်းဟာ
ေနမင်းမျက်စိထဲမှာ ကလေးတစ်ယောက်လို
လူတိုင်းကိုမပြသတဲ့နှင်းရဲ့ကေလးဆန်တဲ့အပြုအမူတေကကိုယ်နဲ့မှထွက်ပေါ်လာတက်သလို
ကိုယ့်ရဲ့ လူသိမခံတဲ့ကိစ္စတွေကိုလည်းနှင်းတစ်ယောက်သာသိရှိပေတယ်နှင်းဆိုတဲ့အဖိုးတန်လေးကိုစတင်တွေ့ရှိကတည်းက
စိတ်ပျက်စရာကောင်းတဲ့ကိုယ့်ဘဝကြီးဟာ
ရှင်သန်ချင်ဖွယ်ရာအတိ
နိုဝင်ဘာလ က နေ့တစ်နေ့ရဲ့ညနေခင်းမှာ
နေမင်းရဲ့ဘဝထဲကိုနှင်းဝင်လာခဲ့တယ်
_______________________
"ဆေးလိပ်သောက်တာမကောင်းဘူး"