နွယ်

21 0 0
                                    

နွယ်ဆိုတာ
ရစ်ပတ်နှောင်တွယ်တက်တယ်
ချုပ်တွယ်တက်တယ်
ကိုယ့်ကိုနာကျင်စေတက်တယ်
သို့ပေမဲ့ အဲ့ဒီ"နွယ်" ဆိုတဲ့‌zoneလေးတစ်ခုကို
ကိုယ်တိုင်ပဲ ခုန်ဆင်းမိခဲ့တာ
ကိုယ့်နှလုံးသားကိုရစ်တွယ်စေခဲ့တာ

အသက်ထက်ချစ်ရပါသော "နွယ်"

ပင်လယ်ပြာကိုမျက်နှာမူပြီး ချစ်ရတဲ့နွယ်အကြောင်းကိုတွေးမိပါသေးသည်

___________________________________

"ယမှုန်နွယ်" ဆိုတာ "မင်းသော်တာ"ရဲ့နှလုံးသားကို
ပတ်တွယ်ခဲ့တဲ့နွယ်တစ်ချောင်း

အသက်ဆယ့်နှစ်နှစ်အရွယ်ကတည်းကပင်
နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကိုရစ်တွယ်ခဲ့တဲ့"နွယ်"

"နွယ့်"ရဲ့ဘေးချင်းကပ်ရပ် တိုက်လေးသို့ပြောင်းလာတဲ့နေ့
ထိုနေ့ကပေါ့
ပြတင်းပေါက်ကနေချောင်းကြည့်နေခဲ့တဲ့ မျက်ဝန်းသေးသေးလေးကတော့
ကိုယ့်ရင်ကိုရစ်ပတ်ခဲ့တဲ့ ပထမဆုံး"နွယ်"တစ်ချောင်းပဲဖြစ်ပါမည်

လာရောက်နှုတ်ဆက်စဉ် စူးစမ်းနေတဲ့ ကလေးမလေး
သာလို့မှန်းမသိပေမဲ့ ကိုယ့်ရင်ထဲစွဲနေခဲ့တာ
ဆယ်နှစ်အရွယ် ကလေးမလေးရဲ့ မျက်ဝန်းညိုညိုတွေက
အဲ့သလောက်ပင်ညို့အားပြင်းပါသည်

ကောက်ကွေ့သောဆံနွယ်ရှည်ရှည်တွေ
လက်ချောင်းသေးသေးလေးတွေ
ဖွေးဥနေသည့်အသားအရေ
လှပတဲ့မျက်ဝန်းညိုညိုနဲ့
မေးနှစ်ခွပိုင်ရှင်
နွယ် ဆိုသည်ဆယ်နှစ်အရွယ်ကလေးမလေးဟာ
သော်တာ့ရဲ့ဘဝတစ်ခုလုံးကို
ရစ်ပတ်လို့ပင်လာပါတော့တယ်
________________________________________

နွယ် ဆိုသည့် ကောင်မလေးကို
ချစ်ခဲ့ရသည့်နေ့ရက်တွေဟာ
သော်တာ့ အတွက်လှပလွန်းတဲ့နေ့ရက်တွေပင်

ကိုယ့်ရဲ့ဆံနွယ်တွေကိုကစားရင်
ပွစိပွစိနှင့် စကားပြောတက်သူ "နွယ်"

သူ့အမေဆူတိုင်း သော်တာ့ကိုသူ့အမေ‌အကြောင်း
တိုင်ပြောတက်သူ "နွယ်"

သူ့အတွက်များလက်ဆောင်ဝယ်လာရင်
"မမကိုအချစ်ဆုံး"လို့ပြောတက်တဲ့ "နွယ်"

ချစ်ရသူလေးဟာ
နည်းမျိုးစုံသုံးက
နှလုံးသား ရဲ့အနက်ရှိုင်းဆုံးအထိဝင်ရောက်လာခဲ့ပါတယ်

တွေးမိသော ဇာတ်လမ်းတိုလေးများ(GL)Where stories live. Discover now