step-1

128 5 0
                                    

Uni

"မင်းကိုငါ့နောက်မလိုက်နဲ့လို့ပြောနေတာနော်
အာကာလင်းလဲ့မောင်"

"မောင့်နာမည်ကြောင့် မောနေပါ့မယ် မောင့်သဝန်ရယ် အာကာလင်းလဲ့ကို ဖြုတ်ပြီး တစ်လုံးထဲ 'မောင်' လို့ခေါ်ပါ့လား ဟင်"

"မင်း အရှက်မရှိဘူးလား?
မရှက်ဘူးလားလို့ အရူးကောင်းရဲ့"

"မောင်က ဘာကြောင့်ရှက်ရမှာတုန်း ပြောပါအုန်းမောင့်သဝန်ရဲ့"

"ငါ့နောက်ကို နေ့တိုင်းလျှောက်လိုက်ပြီး တစ်မောင်ထဲမောင် တစ်သဝန်ထဲသဝန်နေတာ မရှက်ဘူးလားလို့"

"ဒါရှက်စရာလားကွာ မရှက်ပါဘူး ဘာကိစ္စရှက်ရမှာလဲ မောင်ကချစ်လို့လေ"

"မင်းမရှက်ပေမယ့် ငါရှက်တယ် ပြီးတော့
ချစ်လဲမချစ်ဘူး ရှင်းပြီလား အရူးကောင်"

သဝန်လဲပြောချင်ရာပြောပြီး taxi ရှိရာ အတင်းပြေးကာ အိမ်သို့သာ မောင်းခိုင်းလိုက်တော့သည် မဟုတ်ရင် အရစ်ရှည်နေတာနဲ့ အိမ်ရောက်တော့မှာမဟုတ်။

ဤကိစ္စကတော့ သဝန်လွှာဆိုတဲ့ ချစ်စရာပါပီပေါက်လေးအား အာကာလင်းလဲ့မောင်ဆိုတဲ့ကောင်လေးက လိုက်နေခြင်းပင်။ကျောင်းမှာလဲ ကျောင်းမှာမို့ အိမ်မှာလဲ အိမ်မှာမို့ အဆုံးထိပြောရရင် ဘယ်နေရာမှာ တွေ့တွေ့ အရှက်မရှိ မောင့်သဝန်‌ မောင့်သဝန်နဲ့ လူကို သူ့အရုပ် သူ့အပိုင်များ ထင်နေသလားမသိ တကယ်စိတ်ညစ်စရာ အရူးကောင်။ ပိုဆိုးတာက အိမ်ခြင်းက ကပ်လျက် အပြင် မိဘတွေကပါ ငယ်သူငယ်ချင်းတွေဆိုတော့ သဝန်တို့ ငရဲကျရတာပေါ့။ မေမေကလည်းအဲ့အရူးကောင်ကိုမှ တစ်သားထဲသားနေတာ
ကိုယ့်ကိုများ သားအရင်းမှဟုတ်ပါရဲ့လား မေးယူရသည်အထိ။

သဝန့်မေမေ ဒေါ်ပန်းချီလွှာနဲ့ အာကာ့မေမေ ဒေါ်လင်းလဲ့မောင်တို့က ကျောင်းနေဘက်ငယ်သူငယ်ချင်းတွေ ဖြစ်ပေသည်။ နှစ်ယောက်လုံးကလည်း အမျိုးသားတွေမရှိကြတော့ပြီမို့ တစ်ယောက်နှင့်တစ်ယောက် ဖေးဖေးမမနဲ့ နှစ်အိမ့်တစ်အိမ်လို နေပြီး သူ့သားကိုယ့်သား ခွဲမနေပါဘဲ ဖတဆိုးလေးတွေမို့
အလိုလိုက် အကြိုက်ဆောင်ကြလေသည်။

💜🖤မောင့်ရဲ့သဝန်🖤💜Where stories live. Discover now