Part (14) Zg + Uni

1.2K 42 2
                                    

💗💗ဂျမ်းချစ်ရတဲ့ ဂျမ်းရဲ့ ကိုကို 🖤🖤( Part - 14)

" ဂျမ်း​လေး မမလွှာ ရဲ့ ဖိနပ်​​လေးကိုင်​​ပေးပါလားဟင်
မမလွှာ လက်​ထဲမှာ ပန်း​တွေကိုင်​ထားရလို့ပါ ....
နောက်​ပြီး ပိုက်​ဆံအိတ်​​တွေ​ရော မလို့ပါ ဂျမ်း​လေး "

ဂျမ်း နဲ့ ကိုကို နဲ့ တည့်​သွားတဲ့ အချိန်​က​နေစပြီး ​နောက်​ပိုင်း
ကိုကို က ဂျမ်း ကို ​ပြောလာခဲ့သည်​။ မလွှာ ကို ​လေး​လေးစား
စား ဆက်​ဆံဖို့ ..........

ဒီ​နေ့ လည်း ကိုကို က ဂျမ်း ကို သူ့ကုမ္ပဏီကို ​ခေါ်သွားမယ်
လုပ်​တုန်း မလွှာ က ​ရွှေတိဂုံ ဘုရားကို သွားဖူးရ​အောင်
လို့ ဖုန်းဆက်​​ခေါ်လာ​တော့ အဲ့ဒီအချိန်​ ဂျမ်း က ကိုကို ကား
ပေါ်မှာ ရှိ​နေ​တော့ ကိုကို က ဂျမ်းကို ​ခေါ်လာရသည်​။
အခုလည်း ဘုရားထဲကို ​ရောက်​ဖို့ ​ခြေလှမ်း ဆယ်​လမ်း​လောက်​ အလိုမှာ မလွှာက သူ့ဖိနပ်​ကို ဂျမ်း ကို ကိုင်​ခိုင်း​ဖို့​အကူအညီ ​တောင်း​လေသည်​။ ကိုကို ကလည်း ခုဏ​လေးကမှ ဖုန်းလာ​တော့ ဟိုဘက်​နားကို ဖုန်းသွား​ပြော​လေသည်​။

ဂျမ်း မှာလည်း မလွှာ ​ပေးတဲ့ ဖိနပ်​ကို ယူဖို့ မယူဖို့ စဉ်းစား​နေတုန်း
ကိုကို မျက်​နှာကြီးက ဂျမ်း မျက်​စိထဲ ​ပေါ်လာခဲ့သည်​။
ဟုတ်​ပါတယ်​ ကိုကို က မလွှာ ကို အရမ်းချစ်​တယ်​.....
မလွှာ ရှိမှသာ ကိုကို့ အပြုံး​တွေက ဖြစ်​ထွန်းတာ....
နောက်​ပြီး ကိုကို့ အတွက်​ဆို ဂျမ်း ဘာမဆိုလုပ်​​ပေးမယ်​လို့
ကိုယ့်​ကိုယ်​ ကိုယ်​ ကတိ​ပေးထား​တော့ ဒီ​ဖိနပ်​ကိုင်​​ပေးတာ
လောက်​​လေးက ဂျမ်း အတွက်​ နစ်​နာမသွားပါ.....
ဒါ​ကြောင့်​ မလွှာ လက်​ထဲက ဖိနပ်​ကို ယူဖို့ ဂျမ်း ရဲ့
လက်​ကို ​ရှေ့ထုတ်​လိုက်​သည်​။

ထိုအချိန်​ တိုင်း ​ရောက်​လာပြီး လွှာ ဖိနပ်​ကို လုယူကာ
သူ သယ်​​ပေးလိုက်​သည်​။

လွှာ လည်း တိုင်း ရဲ့ လုပ်​ရက်​​ကြောင့်​ အားနာပါးနာ ဖြစ်​ပြီး
မျက်​နှာထူပူသွားသည်​။

" ​ပေး​ပေး တိုင်း .......လွှာ ဘာသာပဲ သယ်​လိုက်​မယ်
တော်​ကြာ တိုင်း ငရဲကြီး​နေလိမ့်​မယ်​ "

ဂျမ်းချစ်ရတဲ့ ဂျမ်းရဲ့ကိုကို ( တံတိုင်းသစ်+ဂျမ်းခင်ခင်) Where stories live. Discover now