1

44 4 4
                                    

{Be mine?}
~unicode~
ကိုရီးယားနိုင်ငံရှိ ဆိုးလ်မြို့ကြီးရဲ့ တက္ကသိုလ်ကျောင်းခန်းလေးတစ်ခုတွင်..
"ဟေ့ကောင် ဂျောင်ကု မင်းလုပ်တာကြီးက မဟုတ်သေးဘူးနော်"
သူငယ်ချင်းဖြစ်သူ ဂျီမင်းအပြောကြောင့် ဂျွန်ဂျောင်ကုတို့ စာရေးနေတာကနေရပ်ပြီး
"ဘာကိုမဟုတ်တာလဲကွာ ငါလုပ်တာဘာမှားလို့လဲ"
"ဟင် ပြည့်ပြည့်စုံစုံနေလို့ရတဲ့ဘဝကနေ ခြေစုံကန်ထွက်ပြီး လမ်းဘေးရောက်ရမယ့်ကိစ္စကို လုပ်တဲ့မင်းမှမမှားရင် ဘယ်ဟာကိုမှားတယ်လို့ပြောရဦးမှာလဲ"
"ဘယ်သူကလမ်းဘေးရောက်မယ်ပြောလဲ? ကိုယ့်အစွမ်းအစနဲ့ကိုယ်ကြိုးစားမှာပေါ့"
ဂျောင်ကုရဲ့အဖြေကို ဂျီမင်းကစိတ်တိုင်းမကျဟန်ဖြင့်
"အေး ပြောစမ်းပါဦး မင်းမှာအခုလုပ်ကိုင်စရာ အလုပ်ရှိလို့လား"
"ရှာရမှာပေါ့ကွ ဒီတိုင်းကြီးချက်ချင်းတော့ ဘယ်ရမလဲ မင်းကလဲ"
"အပြောကတော့အေးအေးဆေးဆေးပဲ မင်းအစားရင်လေးတယ်"
"ဟေ့ကောင် ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် ခံရမှကငါပါကွ အဲ့လောက်ထိဖြစ်မနေစမ်းပါနဲ့"
"လုပ်လုပ် လုပ်ချင်သလိုသာလုပ်တော့ဟေ့ မပြောတော့ဘူး စေတနာနဲ့မတန်တဲ့ အုန်းသီးကောင်"
ဂျီမင်းညည်းနေသည်ကို ဂျောင်ကုမှာဘာမှပြန်မပြောဘဲ စာသာပြန်ရေးနေတော့သည်
ဟုတ်ပါသည် ဂျီမင်းစိတ်ပူရင်လဲ ပူစရာပါဘဲ
ကျွန်တော့်နာမည်က ဂျွန်ဂျောင်ကု။ လက်ရှိကတော့ တက္ကသိုလ်ကျောင်းသားပေါ့ဗျာ။ မိဘတွေကတော့ အချမ်းသာဆုံးလူစာရင်းထဲမှာ ပါဝင်တဲ့လူတန်းစားတွေပေါ့။ အဲ့တာတွေက ကျွန်တော်နဲ့မဆိုင်ပါဘူး။
ငယ်ငယ်ကတည်းက ပြည့်ပြည့်စုံစုံနေလာရတဲ့ကျွန်တော့်ဘဝကို ခင်ဗျားတို့အားကျကောင်းအားကျပါလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားတို့မသိတာက မွေးကတည်းက လူ့အသိုင်းအဝိုင်းထဲမှာ ကျွန်တော့်ကိုလူလို့ထင်တဲ့သူ ခပ်ရှားရှားရယ်။ အကုန်လုံးရဲ့ပါးစပ်တွေက "အဲ့ကလေးမိဘတွေက ဒီလောက်ချမ်းသာပြီး လိုချင်တာမှန်သမျှပေးနိုင်နေမှတော့ ဒီကလေးက ဘယ်လိုတိုးတက်တော့မှာလဲ သူ့မိဘလုပ်စာထိုင်စားနေရုံပဲပေါ့" ဆိုတဲ့စကားတွေကို နားထဲမှာပဲ့တင်ထပ်သလိုမျိုး ခဏခဏကြားခဲ့ရဖူးတယ်။ လူတိုင်းကျွန်တော့်ကို အထင်သေးမျက်လုံးတွေကြည့်တာတွေကို ခံခဲ့ရတယ်။ အဲ့လိုအထင်အမြင်သေးခံရတဲ့ဘဝကို ခင်ဗျားတို့လဲပျော်မွေ့ပါ့မလား? ဒါကြောင့် ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်တယ်။ အဲ့တာကတော့ မိဘတွေရဲ့အကူအညီမပါဘဲ ကိုယ့်ဘဝ ကိုယ့်ပညာနဲ့ ကိုယ့်ဘာသာရပ်တည်နိုင်တယ်ဆိုတာ ပြဖို့ပေါ့။ အဲ့လိုနဲ့ ကျွန်တော်အိမ်ကထွက်လာတာ ဒီနေ့နဲ့ဆိုငါးရက်မြောက်နေ့ပါပဲ။
နေစရာကတော့ သူငယ်ချင်းဖြစ်သူဂျီမင်းအိမ်မှာပေါ့။ သူ့မိဘတွေနဲ့သူနဲ့ကခွဲနေတော့ အိမ်မှာသူတစ်ယောက်တည်းဆိုတော့ အဆင်ပြေသွားတာပေါ့။ စားရေး ဝတ်ရေးအတွက်ကတော့ သူ့ဆီမှာ ကြာကြာခိုနေလို့တော့မရဘူးဗျ အလုပ်တော့ရှာရမယ်။ မိဘအကူအညီမလိုချင်လို့ဆိုပီး အိမ်ကနေ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ထွက်လာတာ။ အလုပ်ကတော့ရှာကိုရှာမှရတော့မယ်။
--------------------
🎵you are the cause of my euphoria🎵
ကျောင်းကအပြန်ရေမိုးချိုးလို့အပြီး ဖုန်းလာသံကြားလို့ကြည့်လိုက်တော့ မွေးမိခင်ကြီးပဲပေါ့။ ထွက်လာတဲ့နေ့ကတည်းက တဂွမ်ဂွမ်နဲ့ အိမ်ပြန်လာဖို့ဆက်နေတာ အခုလဲအဲ့တာပြောမလို့ပဲနေမှာ။ မကိုင်ပြန်ရင်လဲ စိတ်ပူနေမှာစိုးလို့ ကိုင်လိုက်ရသည်။
"ဂျောင်ကု သား အမေပြောတာနားထောင်စမ်းပါကွယ်။ မမိုက်မဲစမ်းပါနဲ့ အိမ်ကိုပြန်လာပါ"
ထုံးစံအတိုင်း ဖျောင်းဖျဦးမယ်။ မနေချင်လို့မှ ထွက်လာခဲ့တာကို ခေါ်နေလဲမထူးမှန်း အမေတို့သဘောပေါက်သင့်တယ်။
"သား..နားထောင်နေတယ်မလား? အမေပြောတာကြားရင် ပြန်ပြောလေ"
"အမေ သားကိုအဲ့လိုစိတ်အနှောင့်အယှက်မပေးပါနဲ့ဗျာ ရှိခိုးပါတယ်"
"ဟဲ့ အမေကမင်းကိုစိတ်ပူလို့ပြောနေတာ မွေးကတည်းကပိုးလိုဥထားတဲ့သားကို ဘယ်အမေကစိတ်မပူပဲနေမလဲ? ပီးတော့ မင်းတစ်ယောက်တည်းနေဖို့ထိုင်ဖို့ ဆိုတာကလဲမဖြစ်နိုင်ပါဘူး"
"အမေ အဲ့တာတွေကြောင့် အဲ့လိုသားကိုအလိုလိုက်အကြိုက်ဆောင်မှုတွေကြောင့် သားအနှိမ်ခံခဲ့ရတာကို အမေမသိတာလား"
"ကျွန်တော်သက်သေပြပြီးမှ ပြန်လာမယ် အဲ့အချိန်ထိစောင့်ပါ။ အမေစိတ်မပူပါနဲ့"
"ဟဲ့ အမေက.."
တီ~~
ဆက်နားမထောင်ချင်တော့ဘူး။ ကျွန်တော်လုပ်နိုင်တယ်ဆိုတာ အမေတို့ကိုသက်သေပြမယ်။


Be mine?Where stories live. Discover now