မိန်လင်းနန်းတော်ထဲကို စရောက်ထဲက သူက သိုင်းပညာကိုတတ်မြောက်ပြီးဖြစ်သည်။ သူနန်းတော်ထဲကို ရောက်တဲ့အခါမှာလဲ ဘယ်သခင်/မက မှ သူ့ ကိုအစေခံ အဖြစ် မခေါ်ချင်ခဲ့ပေ၊ သူ့ရဲ့ လှပသောရုပ်ရည်ကြောင့် အင်ပါယာကို ဖြားယောင်း သွေးဆောင်မှာစိုးသည့်အတွက် သူ့ကို မူလနေနေရာကို ပြန်ပို့ တာ၊ ဒါမှမဟုတ် သတ် ပစ်တာသော်လည်းကောင်း
ပြည့်တန်ဆာအိမ်ကို ရောင်းချခြင်း သော်လည်းကောင်း ကြုံရနိုင်သည်။ ဒီလိုဆိုးဝါးတဲ့ကိစတေ မဖြစ်ခင်မှာဘဲ သူ့သခင်လေးက သူ့ကို တွေ့ခဲ့ပြီး သူ့အတွက် ခြိမ်းခြောက်မှုဖြစ်လာမှာ မစိုးရိမ်ဘဲ သူ့ကို ခေါ်ယူခဲ့သည်။သူက ဒေါသအရမ်းကြီးတဲ့အတွက် အခြားသော အစေခံအားလုံးက သူ့ကို ကြောက်ကြသည်။သို့သော်လည်း သူက သူတို့ကို အလွန်အကျွံရိုက်နှက်တာမျိုး မလုပ်ခဲ့ပေ။ဘာပဲဖြစ်ဖြစ် သူက တော်ဝင် အစေခံတစ်ယောက်ဖြစ်သည့်အတွက် သူ့အပြုအမူတိုင်းက သူ့သခင်အတွက် မကောင်းသော သက်ရောက်မှုမျိုးရှိလာမှာ သူမလိုလားပေ။ဒါဗေမဲ့လည်း သူက သူ့သခင်လေး က သူ့ကိုယ်သူ အဆုံးစီရင်သောအခါ တားဆီးရန်းနောက်ကျခဲ့ရသည်။သူ့ရဲ့ လျို့ဝှက်ချက်တွေအားလုံးကို အချိန်အကြာကြီး ဖုံးကွယ်ထားနိုင်ခဲ့တာဟာလည်း ရိုးအ ကြင်နာတတ်သော သူသခင်ကြောင့်ဖြစ်သည်။သို့သော်လည်း ကိစ္စအားလုံး ပြီးဆုံးပြီးဆုံးပြီးနောက် သခင်လေးက ပြောင်းလဲသွားခဲ့သည်။သူက ပိုထက်မြက်လာပြီး မိန်လင်းအနေဖြင့် ဒီထက် ဖုံးကွယ်လို့ မရခဲ့ပေ။''ကျွန်တော်တောင်းပန်ပါတယ် သခင်လေး ။ဒီအစေခံက ကျိန်ပြောရဲပါတယ်။ကျွန်တော် သခင်လေးကို အန္တရာယ်ပေးဖို့ တစ်ခါမှ-"
"ငါသိတယ် မင်းငါ့ကို အန္တရာယ်မပေးဘူးဆိုတာ မင်းသာ တစ်ကယ်ဘဲ ငါ့ကို သတ်ချင်တယ်ဆိုရင် ငါသတိလစ်နေတဲ့ အချိန်မှာ ငါ့လည်ပင်း ဓားနဲ့လှီးလိုက်ယုံပဲလေ။ပြောရ ရင် ငါက ငါ့ကိုယ်ငါ သတ်သေတာပေါ့။မင်းက ဥာဏ်ကောင်းတဲ့ကလေးပဲ။မင်းသာငါ့ကို တစ်ကယ် သတ်ချင်ရင် ငါခုလို စကားထိုင်ပြောနေနိုင်မှာတောင် မဟုတ်ဘူး''
မိန်လင်းက သူ့သခင်လေးရဲ့မျက်နှာကိုကြည့်လိုက်တဲ့အခါမှာတော့ ၄င်းက ခံစားချက်ကင်းမဲပြီး အေးစက်သော မျက်နှာကို သာ မြင်တွေ့ရသည်။သူက သံသယဝင်စရာကောင်းပြီး လျှို့ဝှက်ချက်တွေများတာတောင်မှ သူက သူ့ကိုယုံကြည်ပေးခဲ့သေးသည်။၎င်းက သူ့ကို အံ့အားသင့်စေသလို တစ်ချိန်ထဲမှာဘဲ ရင်ထဲမှာ နွေးထွေးမှုကို ခံစားရစေသည်။
YOU ARE READING
Transmigrated into the worst concubine(Bl)
Historical FictionDescription လဲ့ဟွမ်က ပါရမီရှင်ဆေးဖော်စပ်သူတစ်ယောက်ဖြစ်ပြီး အင်ပါယာရဲ့ အရှုံးသမားနဲ့ဘုရင်အမုန်းဆုံး ကိုယ်လုပ်တော် တစ်ပါးဖြစ်သော နာ့ကျွမ်ရဲ့ခန္ဓာကိုယ်ထဲကို ဝိညာဉ်ကူးပြောင်းပြီး ဒါ့အပြင် သူ့ကလေးနဲ့သူကလဲ သေလူတွေအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်သည်။ ယဲ့ဟွမ်တစ်ယော...