"ဟို..Jennieရှိလား..."
ကော်ဖီဆိုင်လာ၍ကော်ဖီမမှာဘဲ...
လူအားမေးနေသောLisaအားကြောင်တောင်တောင်နှင့်ကြည့်နေသောWaiterကောင်လေး.."ဘယ်သူလဲဗျ..ဧည့်သည်က..."
"အော်...ကိုယ်ကJennieရဲ့အသိပါ.."
"ဟုတ်..သူဌေးကိုသွားခေါ်ပေးပါ့မယ်..."
ဆိုင်ရဲ့အပြင်အဆင်လေးသည်ချစ်ဖို့ကောင်းသကဲ့သို့ပင်..အပြာနုရောင်လေး၊အဝါနုရောင်၊ခရမ်းနုရောင်လေးတို့ဖြင့်ဆေးသုတ်ထားသည့်အပြင်..
Stickerအမြောက်အမြားသည်လည်းကပ်ထားသေးသည်..ကလေးမကကလေးဆန်တဲ့အရာတွေကိုကြိုက်ပါလား...
"မင်းကိုး...ဘာကိစ္စရှိလို့လဲ.."
စားပွဲရှေ့သို့လာရပ်ကာပြောသည့်သူ့မစကားသည်..
ချိုမြိန်မည်ဟုထင်သောနှုတ်ခမ်းပါးမှကျလာသောရင့်ရင့်သီးသီးစကားတွေပင်..ထိုရင့်သီးသည့်စကားများအားရင်ခုန်မိနေသည်ကိုတော့..သူမအားသိစေချင်မိပါသည်...
"ရင့်လှချည်လား..မနေ့ကဘဲ..အန်တီမိတ်ဆက်ပေးထားတယ်လေ...Lalisa Manoban...ကလေးမ'ခေါ်ချင်ရင်..မောင်လို့ခေါ်လို့ရတယ်.."
"အတင့်ရဲလိုက်တာ..ပါးကွဲချင်နေပြီထင်တယ်.."
တည်ငြိမ်စွာပြောသည့်ဒေါသစကားသည်လည်း..သကာရည်သကဲ့သို့ချိုမြလျက်ရှိပေသည်...
"စကားအေးဆေးပြောချင်လို့..အပြင်ခဏလောက်လိုက်ခဲ့ပါလား...Jane.."
သူမရှေ့ရှိနာမည်မျိုးစုံခေါ်နေသည့်သူ့အားမျက်စောင်းတို့လွှတ်ပစ်လိုက်၏...
ထိုသို့သူမအားရင်ခုန်အောင်ပြုနိုင်သည့်သူအားသူမမုန်းမိသကဲ့သို့ဖြစ်နေသည်..
သူမအချစ်အားလည်းအယုံအကြည်မရှိသကဲ့သို့..ဘဝတွင်ထိုသို့အချစ်သည်လည်းလိုအပ်သည်ဟုမထင်...အချစ်'ဆိုသည့်အရာအားခံစားမိရင်၊တပ်မက်ခြင်းလောဘ၊ဝမ်းနည်းခြင်းနာမ်တစ်ခုသည်ပေါ်လာတော့မည်လေ..
"မင်းနဲ့တို့နာမည်အဖျားစွတ်ခေါ်ရလောက်တဲ့အထိ..မရင်းနှီးသေးဘူးထင်တယ်.."
"အခုရင်းနှီးချင်းအဆင့်တစ်ခုကိုတက်ရအောင်လေ..let's be friend.."
ကမ်းလာသောလက်အားမျက်ကွယ်ပြုသွားသည့်သူမနောက်ကျောပြင်အားကြည့်၍ပြုံးလိုက်မိသည်..
![](https://img.wattpad.com/cover/301638701-288-k25474.jpg)
YOU ARE READING
မောင့်ကလေးမ[Short Story]
Short Story"မောင့်ကလေးမက..တယ်လဲမာနကြီးသကိုး" "ေမာင့္ကေလးမက..တယ္လဲမာနႀကီးသကိုး"