EP 12 (UNI)

394 57 10
                                    


“ကလေး ဒီဆိုင်ကို သဘောကျရဲ့လား”

“အဆင်ပြေပါတယ်..”

Cafe တစ်ခုလုံး Outer-Spaced Themeတွေနဲ့ ပြင်ဆင်ထားတာမို့ ချန်းယောလ်က တကယ် သဘောကျသည်။ကလေးအတွက်  ဒီဆိုင်ရဲ့အပြင်အဆင်က အဆင်ပြေရုံလောက်လေးပဲ ရှိတော့ ချန်းယောလ် တစ်ကိုယ်ကောင်း ဆန်မိသွားသလား။တစ်ညလုံး Internetပေါ်က ရှာထားတဲ့
*JRILLA  Cafe *က ချန်းယောလ်မျက်လုံးနဲ့ အလှဆုံးနဲ့ ဒိတ်ဖို့အကောင်းဆုံးနေရာတစ်ခုလို့ ယူဆခဲ့တာ။ကလေးလည်း ကြိုက်မယ် ထင်ခဲ့မိသည်။

“ဦးက တစ်ကိုယ်ကောင်းဆန်တယ် မဟုတ်လား”

“ဘာကိုလဲ ဦးရဲ့”

ကလေးက Melon latteကို တစ်ချိုက်သောက်ပြီးမှ ချန်းယောလ်ကို မေးလာသည်။ချန်းယောလ်ကတော့ Iced Americanoကို ထိတောင် မထိရသေးဘူး။ကလေးကိုပဲ ကြည့်နေခဲ့တာ။

“ဒီဆိုင်ကိုလေ... ‌ဦးစိတ်ကြိုက်ရွေးမိသွားလို့ ”

“အာ..မဟုတ်တာ..ဦးရဲ့။နေရာက အဓိက မဟုတ်ပါဘူး”

ဒါဆို ဘယ်အရာက အဓိကလဲ။အမြန်ဆုံး ဒိတ်လုပ်တာ အဆုံးသတ်ဖို့လား။ဒါမှမဟုတ် ချန်းယောလ်နဲ့အတူတူ ရှိနေတာ အဓိကလား။ကလေးပြောတဲ့ အဓိက,ကဘာများလဲ။

“ကျွန်တော် ဦးကို ပြောစရာရှိလို့ ”

ချန်းယောလ် ကလေးကို စိုက်ကြည့်နေတဲ့အချိန်မှာပဲ ကလေးရဲ့တိုးညှင်းတဲ့အသံလေးက ထွက်ပေါ်လာသည်။ခေါင်းလေးလည်း ငုတ်သွားပြီး Menlo Latterခွက်ကိုသာ ဆုပ်ကိုင်ထားသည်။တစ်ခုခုကို ပြောချင်ပေမယ့် ပြောမထွက်တဲ့ကလေးရဲ့ပုံစံလေး။

“ချန်းယောလ်အိုပါး??”

အထက်တန်းကျောင်းသူအရွယ်ကောင်မလေးက ချန်းယောလ်တို့စားပွဲဝိုင်းကို ‌ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာသည်။ကလေးက အသံလိုက်ရာကို ချန်းယောလ်ထက် အရင် ဦးအောင်ကြည့်ပြီး သူ့စကားကို ဆက်မပြောဘဲ ငြိမ်နေသည်။

“အယ်..ဟုတ်ပါတယ်..ဒါနဲ့ ဘယ်လိုလုပ်ပြီး သိတာလဲ”

“ညီမက ချန်းယောလ်အိုပါးရဲ့ Musicalကို လာကြည့်ဖူးတယ်။သဘောကျလို့.. Musicalရှိတဲ့နေ့တိုင်း လာကြည့်ခဲ့တာ”

MY YOUTHSWhere stories live. Discover now