"အညာမြေကနေ ကြိုဆိုပါတယ်ဗျာ"
မြန်မာနိုင်ငံအလယ်ပိုင်းဒေသလေးတစ်ခုဆီ လာရောက်ခြင်းက စီးပွားရေးဆိုလည်း ဖြစ်နိုင်သလို အလည်အပတ်ဟုလည်း ဆိုနိုင်သည်။
မန္တလေးကို ရောက်ဖူးသော်လည်း ဒီဒေသဘက်ကိုတော့ ခြေတစ်လှမ်းမျှ မလှမ်းမိခဲ့။
အပူပိုင်းဒေသလေးမို့
ကျွန်တော်တို့ ကချင်ပြည်နယ်ဘက်နှင့်မတူ။
ပိုဆိုးသည်က နွေရာသီတွင်ရောက်လာခြင်းပင်။တစ်လမ်းလုံး အပူဒဏ်ခံလာသမျှ
' ပခုက္ကူမြို့မှ ကြိုဆိုပါ၏ ' ဆိုင်းဘုတ်မြင်တော့ ထတောင်ခုန်ချင်မိသည်။
ပါလာသည့်အဖော်များပင် ထရယ်ကြသည်။
ကျွန်တော်ဝတ်ဆင်ထားသော Shirtတွင်လည်း
ချွေးတို့ ရွှဲစိုလျက် ရေပင်ချိုးထားသယောင်ယောင်။ယခုတော့ ပင်ပန်းလာသမျှ
ပူလောင်လာသမျှ
အိမ်အဝင်က အသံလေးတစ်ခုကြောင့် တစ်ကိုယ်လုံးသာမက
ရင်ထဲပါ အေးချမ်းရသည်။
အသံလေးကြောင့်ပင် ဧည့်ဝတ်ကျေမှု၊ကြိုဆိုမှု တစ်ဝက်ပြီးသည်။"အညာမြေကနေ ကြိုဆိုပါတယ်ဗျာ
ဦးကြီးရဲ့ဧည့်သည်တွေမလား? လာပါ...""ဟုတ်ပါတယ်"
အိမ်ရှင်လည်းဖြစ်သလို ကျွန်တော်တို့ဒေသဘက်ကို အလုပ်လာလုပ်ကိုင်ရင်း ရင်းနှီးခဲ့သော ဦးဆွေ...။
ကျွန်တော်တို့အား အလည်ဖိတ်ထားသည်မို့ ရောက်လာသည့်နှင့် ဦးဆွေက ဝမ်းသာအားရထွက်လာကာ ကြိုဆိုသည်။"ဟော ငါ့တူတို့ ရောက်လာကြပြီလား?ဥသြရေ...အထုတ်တွေ ကူသယ်ပေးလိုက်ဦး"
"ဟုတ်ကဲ့ ဦးကြီး! အစ်ကိုတို့ ဥသြကိုပေးပါ"
အထုတ်တွေချရင်း
အိမ်ရှေ့ကုတင်ပေါ်တွင် ဝိုင်းထိုင်ကြသည်။
ဦးဆွေအိမ်သည်ကား တိုက်အိမ်မဟုတ်။
ဝါးကိုလွှာရက်ထားသော ဝါးကပ်ထူထူဖြင့်သာ ကာရံထားပြီး ရေနံကြီး သုတ်ထားသည်မို့ အမြင်တစ်မျိုးဖြစ်မိ၏။အညာဟူ၍ တအားလည်းရှေးမဆန်ပေ၊ မြို့ထဲ၌ ခေတ်မှီသည်။
mart၊cafe၊cinema အစုံရှိသည်။
ဦးဆွေက ရွာသားဖြစ်၍ တိုက်အိမ်ကို လုံးဝသဘောကျပုံမပေါ်။ထိုကြောင့်
ဒီအိမ်ပုံလေးကို ဆောက်ထားခြင်းဖြစ်မည်။
ဝါးထရံဖြင့်ဆောက်ထားသည်မို့ထင် အိမ်အရိပ်ဝင်လိုက်သည်နှင့် အေးချမ်းလာ၏။
အိမ်ရှေ့အဝင်တွင် ကုတင်းကျယ်ကျယ်တစ်လုံးချထားသည်။
ထိုင်ခုံရယ်၊စားပွဲရယ်မဟုတ်။
ထိုကုတင်သည်သာ ဧည့်ခန်းဟုဆိုရမည်။
YOU ARE READING
" တမာမြေမှ နွေဥသြ၏ လွမ်းချင်း... "
Short Storyအချစ်ဆိုတဲ့အရာက ဇာတ်လမ်းတွေ ဝတ္ထုတွေထဲသာ ကြည်နူးစရာကောင်းတာ မြတ်နိုးစရာကောင်းတာ ကျွန်တော်ရဲ့အတိတ်က အချစ်တွေမှာတော့ အကုန်ရင်နာစရာအပြည့်ဘဲ...... ဒါက ၁၅၀၀အချစ်ရယ်လို့တော့ ဥသြမပြောလိုဘူးနော် ကိုမိုးမာန်.....