luv in the rain

1.6K 117 24
                                    

နားကြပ်ထဲက Troye Sivanရဲ့ Foolsသီချင်းက ရာသီဥတုအခြေအနေနဲ့မလိုက်ဖက် ။ တကယ်ဆို like rain, like musicကိုနားထောင်ရင်ရရက်နဲ့တမင် မသက်ဆိုင်သည့် သီချင်းကိုသာရွေးချယ်နားထောင်နေခြင်းပင်။

သို့သော်ငြား ဆောင်ဟွန်း ဒီသီချင်းကိုပဲ repeat လုပ်နားထောင်နေသည်မှာ bus stop ကိုစရောက်ကတည်းက။အထက်တန်းကျောင်းသားလေးတွေတောင် bus stop ကိုရောက်လာပြီးအသီးသီးရောက်လာတဲ့ဘတ်စ်ကားတွေပေါ်တက်သွားခဲ့ပေမယ့် ဆောင်းဟွန်းကတော့မတုန်မလှုပ် မိုးသည်းထဲမှာ မတ်တပ်ရပ်နေဆဲဖြစ်သည်။

Earphones တစ်ဖက်ကိုချွတ်ပြီး အပြင်ရာသီဥတုအခြေအနေကိုပြန်ကြည့်လိုက်သည်။မိုးကတော့ ကောင်းဆဲ တစ်ပတ်တာပူထားသမျှအငြိုးနဲ့ရွာချနေသည်။အလုပ်သွား အိမ်ပြန် နောက်ရက်အလုပ်သွား သံသရာလည်နေတာကြီးကို ရုတ်တရပ်ဆောင်းဟွန်း ရပ်တန့်ချင်လာခဲ့ပြီ။သူ့ဘဝ က ဒီပုံစံသံသရာလည်‌နေတာ အသက် 20 ကတည်းက ငြီးငွေ့မယ်ဆိုလည်း ငြီးငွေ့ချင်စရာ။အခုလည်း အိမ်မပြန်သေးဘဲ အထူးတဆန်း‌ဖြစ်အောင်လျှောက်သွားကြည့်မယ်ကြံကာမှ မိုးကရွာသည်။ အိမ်‌ေရာက်မယ့်ဘတ်စ်ကိုစီးရင်ရပေမယ့်သူဒီနေ့ချထားတဲ့ သူ့အတွက်ဆုံးဖြတ်ချက်ကိုတော့မပြင်ဆင်တော့။

နာရီဝက်ကနေ တစ်နာရီထိရောက်လာပြီ ဆောင်းဟွန်းကတော့ ဘတ်စ်စတော့ပ်ကနေ ဘယ်မှမရောက်သေး။မရောက်သေးဆိုထီးမှပါမလာခဲ့ပဲ။ဒီရက်ထဲ အပူချိန်ကသိသိသာသာမြင့်တက်လာတာမလို့ မိုးရွာမည်လို့ခန့်မှန်းမိသော်လည်း လုပ်နေကြအလုပ်တွေထဲထီးယူလာသည်က 100% မှာ 0.1%တောင် မရှိခဲ့တာမလို့ သူမယူလာမိသည်မှာလည်းအဆန်းမဟုတ်ပါ။

repeat လုပ်ထားတဲ့သီချင်းကိုလည်းတစ်နာရီအကြာမှာသူဆက်နားထောင်ဖို့မဖြစ်နိုင်တော့။ အကြိုက်ဆုံးဖြစ်ပေမယ့် ဘယ်လိုလူကမှ အကြာကြီးဒီတစ်ခုထဲကိုပဲနားထောင်နေရတာကြိုက်နိုင်မည်မဟုတ်။
များများစားစားမရှိတဲ့ playlist ကို မွှေနှောက်နေမယ့်အစား repeat ဖြုတ်ပြီး skip မြန်မြန်နှိပ်လိုက်ရသည်။

နားထဲခပ်တိုးတိုးဝင်လာသည့်သီချင်းက Paul Kim ရဲ့ Me after You ...။ စိတ်ထဲတော့ခပ်တိုးတိုးရယ်မိပါရဲ့။ဒီသီချင်းနားထောင်တိုင်း ဆောင်းဟွန်းတွင်တိုက်ဆိုင်သည့်သူမရှိခဲ့ မရှိခဲ့ဆိုတာထက်သူကိုယ်တိုင်ကိုက မကြိုးစားခဲ့ခြင်းဖြစ်သည်ဟုဆိုရမည်။ အရင်ဆယ်ကျော်သက်အချိန်တွေမှာသူကအချစ်ရေးကို ထိတောင်မထိတွေ့ခဲ့ဘူးလေ ။မရှိလည်းဖြစ်သည်ကိုလက်ကိုင်ထားခဲ့တာ အခုတော့ ဒီသီချင်းထဲကလို တစ်စုံတစ်ယောက်နဲ့တွေ့ပြီးသူပျော်ရွှင်ချင်သည်။မိုးကဘယ်အချိန်တိတ်မယ်မသိတာကြောင့်ဆုံးဖြန်ချက်ကိုပြင်ရန်သာလုပ်တော့မည်။ကုတ်အင်္ကျီကို ခေါင်းပေါ်လွှားနေတုန်း ရုတ်တရပ်အုပ်မိုးလာတဲ့ထီးအဖြူလေး...

Sunshine Where stories live. Discover now