Arc-5.6

2.6K 300 24
                                    

သူဘာသာအေးဆေးနေနေခဲ့တယ်..ဘယ်သူကိုမှအနှောက်အယှက်မပေးပဲ တစ်ယောက်ထဲစာတွေလုပ်ခဲ့တယ်..သူ့ဘဝကစက်ရုပ်တစ်ကောင်လိုမခြားနားခဲ့ဘူး။ ဒါပေမဲ့သူ့ဘဝထဲကိုလူသုံးယောက် ဝင်လာတော့အရာအားလုံးခြားနားသွားခဲ့တယ်..သူတစ်ခါမှမပျော်ရွင်ခဲ့ဘူးတာတွေကို ပျော်ရွင်ခဲ့ရတယ်..

အဲ့လူသုံးယောက်ထဲကတစ်ယောက်ကို သူတကယ်ချစ်မိသွားမှန်းသိခဲ့ရတယ်..သူ့မှာရှိသမျှခွန်အားတွေကိုသုံးပြီး အဲ့တစ်​ယောက်ကိုပြောပြခဲ့တယ်..အဲ့လူကလည်းသူ့ကိုလက်ခံတော့ သူပြောပြမတက်ကိုပျော်ခဲ့ရတယ်..အဲ့လူနဲ့သူ့ဘဝဆုံးတဲ့အထိအတူတူနေနေသွားရမယ်လို့ သူစိတ်ကူးတွေယဥ်ခဲ့တယ်..

အဲ့စိတ်ကူးလေးဟာကြာကြာတော့ မခံခဲ့ဘူး။ သူ့ဘဝထဲကိုချစ်ဖို့ကောင်းလှတဲ့ ကောင်လေးတစ်​ယောက်ရောက်လာခဲ့တယ်..သူ့ကိုပဲ ဒုက္ခတွေရောက်လာအောင်အဲ့တစ်ယောက်လုပ်ခဲ့တယ်..သူမလုပ်တဲ့အရာတွေကိုသူလုပ်ပါတယ်ဆိုတာရော..သူအရမ်းချစ်ရတဲ့သူကလည်းသူ့ကိုမုန်းသွားအောင်လို့ အဲ့ကောင်လေးကြံခဲ့တယ်..

နောက်ဆုံးတော့သူချစ်ရတဲ့သူကိုလည်း ဆုံးရှုံးရတဲ့အပြင် သူ့ဘဝတက်လမ်းတွေကလည်းအကုန်ပျက်ဆီးသွားခဲ့တယ်..သူနောက်ဆုံးမှသိလိုက်ရတာက သူချစ်ရတဲ့သူကသူ့ကိုတစ်ကယ်မချစ်ပဲ အလောင်းအစားနဲ့လိုက်ခဲ့တာကိုပေါ့။ သူအဲ့အကြောင့်သိတုန်းက ရင်တွေကွဲမတက်ခံစားခဲ့ရတယ်..

သူတကယ်သိချင်မိတယ် အဲ့ကောင်လေးကဘာလို့သူ့ကိုပဲ ပစ်မှတ်ထားနေရတာလည်းဆိုတာကိုပေါ့။ အကြောင်းအရင်းကိုသူပြန်လည်မွေးဖွားလာရော သိလိုက်ရတယ်..အဲ့ကောင်လေးသူ့ကိုပစ်မှတ်ထားရတဲ့အကြောင်းအရင်းက သူ့ရဲ့ရည်းစားကြောင့်ဆိုတာပေါ့။ သူဆုံးဖြတ်ချက်ချခဲ့တယ်..သူ့ကိုလုပ်တဲ့ကောင်လေးကိုရော သူ့ကိုလှည့်စားခဲ့တဲ့သူကိုရော ဒီတိုင်းမထားဘူးလို့။

%%%

" မင်းပိုင်လင်း မင်းဘာလို့နောက်ကျနေတာလည်း..."

" ငါဝမ်းသွားနေလို့ကြာသွားတာ.."

" အော်..."

မင်းပိုင်လင်းစိတ်အခြေအနေလုံးဝကောင်းသွားရော ဇင်ဟိန်းတို့ရှိတဲ့နေရာကိုသွားခဲ့တယ်..အဲ့ကိုလည်းရောက်ရော ဇင်ဟိန်းမေးတာတွေဖြေပေးခဲ့တယ်..နောက်တော့ဇင်ဟိန်းတို့သူ့အတွက်ဝယ်ထားပေးတဲ့ ဟင်းများကိုစားသုံးနေလိုက်တယ်..ထိုနေရာလေးမှာသူတို့သုံးယောက်သာ ရှိနေလေတယ်..

ဒုတိယအခွင့်အရေး (Arc-5) (Oc) (Completed)Where stories live. Discover now