part 2

1.7K 225 30
                                    

unicode

ဧကရာဇ်ရဲ့မိန်းမစိုး-၂

သူက ရက်တချို့ ကြာတဲ့အထိ ငါ့ဆီ ရောက်မလာဘူး။ မျက်ဝန်းတွေကို တွေ့ချင်တာကလွဲရင် ငါကလည်း ဧကရာဇ်ကို မလွမ်းပါဘူး။ ငါ တွေ့ချင်နေတာက တခြားသူပါ။ 

ငါ့ဆန္ဒက ပြည့်ဝသွားတယ်။ ငါ့ဆီကို ငါအချစ်ဆုံးမိန်းမက ရောက်လာတယ်။ ညနက်နက်မှာပေါ့။ 

မယ်တော်ကြီးဆိုတဲ့ အဆင်တန်ဆာအပြည့်နဲ့။ ခါးမတ်မတ်။ လေးဆယ်ကျော်ဆိုတဲ့အသက်မှာ ရင့်ကျက်တည်ငြိမ်တဲ့ အလှတရားတွေ အပြည့်ပါပဲ။ 

ငါချစ်တဲ့ မိန်းကလေးကတော့ အခု တင့်တယ်မှုတွေ စုရုံးထားသလိုနဲ့။ 

"မင်း.. အဆင်ပြေရဲ့လား"

သူမက ငါ့ကို မေးတယ်။ 

"မယ်တော်ကြီးရဲ့ကျေးဇူးကြောင့် အဆင်ပြေနေပါသေးတယ်"

သူမက ငါနဲ့စကားကြာကြာ ပြောချင်တဲ့ပုံမရပါဘူး။ ငါ့ကို ငုံ့ကြည့်ပြီးတော့ ပြောတယ်။ 

"ဧကရာဇ်က ဒီနေ့ ဧကရီတင်မြှောက်တယ် ဒီတော့.. သူ့မှာ နောက်ထပ် တွယ်တာစရာ ရှိသွားပြီ မင်း ကိုယ့်နေရာကိုယ် သိရဲ့လား"

ငါကတော့ သူမကို မတွေ့ရတာ ကြာလို့ ငေးကြည့်နေမိတယ်။ 

"မင်း ငါ့သားတော်ကို ဆုပ်ကိုင်ထားတာ လက်လွှတ်သင့်ပြီ ဧကရာဇ်က ယောက်ျားမဟုတ် မိန်းမမဟုတ်တာကို အနောက်နန်းဆောင်ကို သွင်းဖို့ ကြိုးစားနေတယ် မင်း ဘယ်လို ထင်လဲ"

မယ်တော်ကြီးဖြစ်တဲ့ သူမက ပုလင်းသေးသေးလေးကို ထုတ်ပေးလာတယ်။ 

ဒီပုလင်းကို သူသိတာ‌ပေါ့။ သူ အမြဲတမ်း တခြားသူတွေကို ကမ်းပေးခဲ့ဖူးတယ်လေ။ အခုလိုပဲ မင်း လုပ်သင့်တာကိုလုပ်ပါ။ ဒါမှမဟုတ် မင်း ရွေးချယ်နိုင်တယ် ဆိုတာမျိုးလည်း ပြောခဲ့ဖူးသေးတယ်။ 

"သူက မင်းကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့တဲ့ ကလေးပါ မင်း သူ့ကို ဒီလိုနည်းနဲ့ ဖျက်ဆီးပစ်မလို့လား"

မယ်တော်ကြီးက ငိုတယ်။ သူမ မျက်ဝန်းကနေ မျက်ရည်တွေ လိမ့်ကျလာတယ်။ 

ဧကရာဇ်ရဲ့မိန်းမစိုးWhere stories live. Discover now