CUT!

736 70 13
                                    

[UNICODE]

"F**k"

"..အ့"

ဆဲဆိုသံတစ်ခုနဲ့အတူ မြက်ခင်း‌ပြင်ပေါ်သို့ လဲကျသွားတဲ့ခန္ဓာကိုယ်ဆီမှ အော်သံသဲ့သဲ့ထွက်လာသည်။ အော်သံနဲ့မရှေးမနှောင်းပင် အသားဖြူဖြူ ထောင်ထောင်မောင်းမောင်းကောင်လေးနှစ်‌ယောက်မှ ခုနကတွန်းချလိုက်သောကောင်လေးဆီသို့ ချဉ်းကပ်လာသည်။ ကြည့်ရတာ လဲကျသွားသောကောင်လေး၏ ဘက်တော်သားများဖြစ်ပုံပေါ်သည်။

"What the hell did you do to Luke?"

"..as you can see.."

တွန်းချလိုက်သောကောင်လေးမှာ အရပ်ရှည်‌သော်လည်း ပိန်ပိန်သွယ်သွယ်မို့ သူ့ရှေ့က‌နှစ်ယောက်နဲ့ယှဉ်ရင် အရွယ်အစားက အတော်ကွာသည်ဟုပြောရမည်။ သို့ပေမဲ့ ထိုကောင်လေးကတော့ ဖြုံပုံမပေါ်။ တင်းမာနေတဲ့လေသံက လျော့မသွား။ သူ့ရဲ့ပုံစံက ဘာဖြစ်ဖြစ် ရင်ဆိုင်လိုက်မည်ဟု စိတ်ဆုံးဖြတ်ထားသော ကျားသစ်ပျိုလို။

-------

"Hey..guys..hold on.."

သုံးယောက်တစ်ယောက်ချ‌နေကြသော soccerကွင်းထဲသို့ ဝင်ရောက်လာသော အသံတစ်ခု။ ထိုအသံကိုကြားရုံနဲ့ အသံပိုင်ရှင်သည် ဒီနေရာထိပြေး၍ လာခဲ့ကြောင်းသိနိုင်သည်။

ပြေးလာသောကောင်လေးက မြက်ခင်းပြင်ပေါ်ရောက်တာနဲ့ အသက်တောင်မရှုနိုင်ဘဲ ရန်ဆက်မဖြစ်ဖို့သာ အစွမ်းကုန်‌တားနေသည်။ Lukeအပါအဝင် သူ့သူငယ်ချင်းများကတစ်ဖက်၊ ခုနကတွန်းချလိုက်‌သောကောင်လေးကတစ်ဖက် အချင်းချင်းထိုးကြိတ်ထားကြသည်မှာ လေးယောက်လုံး ဒဏ်ရာဒဏ်ချက်တွေဗလပွနဲ့။

"dude...calm down...calm down"

‌ထိုရန်ပွဲတားသည့်ကောင်လေးက လက်နဲ့ခြေ‌ထောက်တွေမှာသွေးစို့နေသောကောင်လေးအား ကြည့်ကာစိတ်ငြိမ်ငြိမ်ထားရန် လှမ်းသတိပေးလိုက်သည်။ သုံးနှုန်းသောအ‌ခေါ်အဝေါ်အရ နှစ်‌ယောက်ကရင်းနှီးသည့်ပုံပင်။

အင်အားမမျှသည့်သူတွေနဲ့ သူတပြန်ကိုယ်တပြန် အပွဲပွဲနွှဲထားရတာမို့ ပိန်သွယ်သွယ်ကောင်လေးက အထိပိုနာသည်။ ဒါပေမဲ့ စိတ်ကတော့ခုထိလျှော့သေးတာမဟုတ်။

C U T !Where stories live. Discover now