ရန်ကုန်တက္ကသိုလ် မျက်နှာစာတစ်ခုရဲ့ ရှေ့၌ လူအများ စုရုံးကာ ရန်ပွဲတစ်ခုကို ရပ်ကြည့်နေကြသည်။ ဝင်လည်းမဆွဲရဲကြ။
တိတိကျကျပြောရလျှင် အမျိုးသားနှစ်ဦး၏ရန်ပွဲ...
တစ်ဖက်သတ်ဆန်သော ရိုက်နှက်မှု...
လူမြင်ကွင်း၌အထိုးအနှက်ခံနေရသောသူမှာ အများလေးစားရသောဆရာတစ်ဦးဖြစ်ပါသတဲ့...
"ပြန်ထလေ နိုင်ဇော်လတ်
အခုကျ အဲ့စကားမပြောရဲတော့ပြန်ဘူးလား
မင်းသိပ်ချစ်တဲ့ သောက်အလုပ်ကို မသွားရဲတော့အောင် ငါလုပ်ပေးမလို့ "တစ်ဖက်လူက မည်သို့မှမတုံ့ပြန်နိုင်ခင် သူကလက်ဦးမှုယူလိုက်သည်။ တစ်ယောက်စ နှစ်ယောက်စ ရပ်မကြည့်နိုင်တော့ဘဲဖျန်ဖြေဖို့ဝင်လာတော့ ထိုလူ့အသံက သူတို့အာရုံအားဖြိုခွဲလိုက်သည်။
"ကိုယ့် သောက်လုပ်မဟုတ်တာဝင်မပါကြနဲ့
ဒါ လင်မယားရန်ဖြစ်နေတာ...
ဟက်...
မင်းတို့မသိဘူးမလား မင်းတို့ရဲ့ကြီးမြတ်လှစွာသောဆရာက တကယ်တော့ ငါ့ရဲ့..."ဒေါသကြီးသော လူ၏ ကန်ချက်ကို ထပ်မံခံစားဖို့ အင်အားမရှိတော့သူအမျိုးသားကရုတ်တရက်သူ့ဆီကျလာသောထိုလူ့ခြေထောက်ကိုဖမ်းဆုပ်ကာ တွန်းထုတ်လိုက်သည်။
တန်ဖိုးကြီး ဘွတ်ဖိနပ်ကသူ့အားအကြိမ်များစွာ ကန်ကျောက်ခဲ့ပုံရသည်။သွေးစတချို့ပင်ကပ်ငြိလို့
"မင်းမှာ ငါ့ကို တားဖို့ ဘာအခွင့်မှ မရှိတော့ဘူး"
(မောင်)
'မောင်' ဟူသည် အိမ်ထောင်သက်၈နှစ်၊ ချစ်သူသက်၄နှစ်လုံး ထိုလူ့အားသူ့ဘက်ကခေါ်ခဲ့သော နာမ်စားသာ...
ထိုစဥ် မည်သူကဖုန်းဆက်တိုင်လိုက်တယ်မသိ။ရုတ်ချည်း ရဲကားတချို့ရောက်လာသည်။ဆရာ နိုင်ဇော်လတ်မျက်နှာပေါ် ကျရောက်မည့်လက်သီးတချို့ကို ဖမ်းချုပ်ခေါ်ဆောင်သွားကြသည်။ ဌာနဆိုင်ရာပါမောက္ခနှင့်ဆရာ၊ဆရာမတချို့က နိုင်ဇော်လတ်အား ဆေးရုံပို့ဖို့စီစဥ်ကြသည်။
YOU ARE READING
ဘယ်ကစလို့
Short Storyစတင်မှုတွေ ပျော်မွေ့သလောက် အဆုံးသတ်တွေဟာ လှခဲ့ရဲ့လား နောက်ဆုံး မေးခွန်း "ငါတို့ဘာလို့ ဒီလို ဖြစ်သွားကြတာလဲ"