The End Game

363 27 1
                                    

"၀င်ခဲ့​လေ သားတို့"

ဘယ်​လောက်ပဲအချိန်​တွေကြာသွားတယ်​ပြော​ပြော အရိပ်လွှမ်းမိုး​နေဆဲပါ
အိမ်ထဲကိုစပြီး​ခြေချကတည်းက​အော်ဟစ်သံ​တွေ ငိုသံ​တွေ

ငရဲခန်းကထွက်လာတဲ့အသံ​တွေ ဒါ​တွေကိုကြား​ယောင်​နေသည်

​သန်မာတယ်ဘယ်​လောက်​ပြော​ပြောတုန်လှုပ်မိတာမလို့ ​မောင့်လက်ကိုဆုပ်ကိုင်မိသွားသည်

​ ​မောင်က​တော့သူ့လက်​တွေကို​နွေး​ထွေးစွာပြန်လည်ဆုပ်ကိုင်​ပေးရှာသည်

​တောင်းပန်ပါတယ် ကျွန်​တော်အစတည်းက ​မောင့်ကိုပါအပြစ်​ပေးဖို့စီစဥ်ပြီးသားမလို့ပါ

Tae​ပေးထားတဲ့​ဆေးပုလင်းကိုအကျီထဲက​နေစမ်းလိုက်သည်

Jm:​မောင် ကျွန်​တော့်ကိုတစ်ချိန်လုံးကိုင်ထား​ပေးပါလား

Yg: ရပါတယ် က​လေးငယ် 

​မောင်ရဲ့လက်​တွေကြားမှာနားခိုခွင့်ရတာဒီည​နောက်ဆုံးမလို့ပါ​....

စားပွဲ​ပေါ်မှာ​နေရာချထားပြီးနာမည်ကတ်​တွေရှိသည်

ထိပ်ဆုံးစားပွဲ၀ိုင်းမှာ ဥက္ကဌကြီးထိုင်သည်

​မောင်နဲ့ကမျက်နှာချင်းဆိုင်ဖြစ်သည်

ဒါ​ပေမယ့်​မောင်ကနာမည်ကတ်ကိုယူပြီးသူ့​ဘေးနား​နေရာကို​ရွှေ့လိုက်သည်

ဥက္ကဌကြီးရဲ့အပြုံးက​ဘယ်လိုပဲဖြစ်​နေ​ဖြစ်​နေ ထိတ်လန့်စရာ​ကောင်းလွန်းသည် ဟုJiminမြင်သည်

" သား Jimin"

Jiminအသံကြားတာနဲ့တုန်သွားသည်

​မောင်ကသိသည်ထင်ပါရဲ့
လက်ကိုတင်းတင်းဆုပ်ကိုင်​ပေးသည်

"မင်းရဲ့သူငယ်ချင်းကိုပါ​ခေါ်ထားတယ်"

ဥက္ကဌကြီးစကား​ကြောင့်Jiminထိတ်လန့်သွားသည်

မဟုတ်မှလွဲ​ရောTaeအသက်ရှင်​နေတာကိုသိ​နေတာလား

"Appaတစ်ခါတည်း​တောင်းပန်မယ်​ Appaသူ့အ​ပေါ်ကျူးလွန်ထားတဲ့အပြစ်​တွေအများကြီး​​လေ"

Jm:Taeကမလာနိုင်​လောက်ဘူး

"ဒါ​ပေမယ့်Appaသူ့ကိုအ​ကြောင်းကြားထားတယ် သူလာမှာပါ" 

𝚁𝚎𝚊𝚌𝚝𝚒𝚘𝚗 𝙾𝚏 𝚁𝚎𝚟𝚎𝚗𝚐𝚎Where stories live. Discover now