The Great John

2.8K 33 0
                                    

Uni >>>

နေဝင်ရီတရောအချိန် ။
အထပ်မြင့် ကွန်ဒိုတစ်လုံးရှေ့တွင် ထွားထွားကြိုင်းကြိုင်း သန်သန်မာမာ ကိုယ်ကာယတည်ဆောက်ပုံနှင့် လူတစ်ယောက် ခြေစုံရပ်လျက်ရှိသည် ။ ကွန်ဒိုက ဆောက်လုပ်ပြီးခါစ ဖြစ်ဟန်တူကာ အခန်းတိုင်း မှောင်မဲလျက် ရှိလေ၏ ။ တိုးချဲ့ကွက်သစ်ဘက်မို့ အနီးအနား လူနေအိမ်ခြေလည်း ကျဲပါးကာ ကွန်ဒိုရှေ့ ဆင်ဝင်နေရာတစ်ဝိုက်မှလွဲ မီးရောင်ဟူ၍ နတ္တိ ။

သို့သော် လေးထပ်မြောက်မှ အခန်းတစ်ခုတွင်တော့ မီးရောင် ထွန်းလင်းလျက် ရှိလေ၏ ။ အနှီမီးရောင်ကို စူးစိုက်ကြည့်နေသော လူထွားသည် တစ်စုံတစ်ခုကို စိတ်ပိုင်းဖြတ်ဟန်ပြုကာ လက်သီးတင်းတင်းဆုပ်လျက် ဆင်ဝင်အောက်သို့ ခြေတစ်လှမ်းအရွေ့တွင် နောက်နားဆီမှ လမ်းလျှောက်လာကြသော လူအုပ်စုတစ်အုပ်၏ ခြေသံများကြောင့် တုန်ယင်သွားလေ၏ ။

လူအုပ်ဟူသည် စင်စစ်တော့ ကျောင်းသားအရွယ် လူငယ်လေး လေးငါးယောက်သာ ဖြစ်လေ၏ ။ လက်ထဲတွင် ဂစ်တာ ပိုက်လျက် လျှောက်လာသော ကောင်လေးက လူထွားကို ခပ်စူးစူးကြည့်ကာ စူးစမ်းနေဟန်တူ၏ ။ အခြားရည်မွန်ဖော်ရွေသော မျက်နှာထားနှင့် လူငယ်ကမူ ပြုံးပြကာ အမေးစကားဆိုလာ၏ ။

" ဒီက အကိုက ဘယ်အထပ်ကို သွားမလို့လဲ ခင်ဗျ... ကျွန်တော်တို့နဲ့ တစ်ခါတည်း လိုက်ခဲ့ပါလား... ဒီမှာက လုံခြုံရေးမရှိသေးတော့ ဓာတ်လှေကားရှေ့က တံခါးက ဖွင့်ပေးမယ့်လူမရှိရင် လျို့ဝှက်ကုတ်နဲ့မှ ရမှာ "

လူထွားမျက်နှာတွင် စိုးရွံ့ထိတ်လန့်ဟန် ဖြတ်ပြေးသွားပြီး တံတွေးမျိုချလိုက်ကာ အက်ကွဲသော အသံဖြင့် ဆိုလာ၏ ။

" ငါက ...ငါက ဒီလေးထပ်က ဆရာ ဂျွန် ဆီ ကိစ္စရှိလို့လာတာ... ဖုန်းဆက်မလို့ဟာ သူ ဖုန်းပိတ်ထားလို့... ဒီလိုဆိုလည်း မင်းတို့နဲ့ လိုက်ခဲ့မယ်... "

အနည်းငယ် သွက်လက်ချက်ချာသော ကောင်လေးတစ်ယောက်က ရှေ့တိုးလာကာ...

" ဆရာဂျွန်က M တက္ကသိုလ်က ဂီတဋ္ဌာနက ဆရာ ဂျွန်ဝေါ့လ်တာ မလား? သူက အပေါင်းအသင်း မရှိဘူးလို့ ကြားဖူးတယ် ခင်ဗျားက "

ပျားရည်ထောင်ခြောက် ( ပျားရည်ထောင်ခြောက်)( Complete. )Where stories live. Discover now